မဟာပလ္လင် (ပထမတွဲ)

သျှင်မ

1500 Kyats ကျပ်
...စာမြည်း “ငါတို့က လက်ဆောင်ပစ္စည်းကို ငရဲပန်းလို့ပဲမှတ်တယ် ... လက်ဆောင်ပေးတာကို လက်ခံပြီး ကြွေးတင်မခံနိုင်ဘူး၊ ကျေးဇူး ဆိုတဲ့စကားကို သဲန့်ခ်ယူလို့ အလွယ်ပြောနေကြတာတွေ တာဝတိံသာ မှာ လုံးဝမရှိဘူး” အာဏာသျှန်က မချိတင်ကဲ ပြုံးလိုက်ရင်း … “ကျွန်တော်ကန်တော့ရင် ဘွားက ဆုပေးမှာမို့လား၊ ဘုန်းကြီးသံဃာဆီက သီလတောင်း ခံရင်တောင် လှူဖွယ်ဝတ္ထုပစ္စည်းလေးနဲ့ တောင်းကြတာပါ” “နှင်ရှေ့မှာရပ်နေတာ တာဝတိံသာက မြမင်းသီရိ ဘုန်းကြီးမဟုတ်ဘူး ... နင်ကန်တော့တာကို ကြည်နူးချမ်းသာစိတ် မဖြစ်တဲ့အတွက် နင့်ကို ကျန်းမာပါစေ ချမ်းသာပါစေ ဆုပေးဖို့ကလည်း ငါဆုံးဖြတ်ရမယ့် ကိစ္စမရှိဘူး” အညှာတာမဲ့သည့် စကားတို့ကို ပြတ်သားစွာဆိုရင်း ခြုံပဝါစ၏ အနားစနှစ်ဖက်ကို ပခုံးပေါ်ထပ်ဆွဲတင်၍ ဒီအတိုင်း လက်မလွှတ်ဘဲ ခပ်ဖွဖွကိုင်ထားလျက် ... ၊“ငါတို့သတ်မှတ်တဲ့ ကျန်းမာခြင်းချမ်းသာခြင်းက ဂုဏ်သိက္ခာရှိမှ ခိုင်မာမှုရှိတာမျိုး ... လူဖြစ်ပြီး မိမိတာဝန် မိမိမယူနိုင် ကောင်းကျိုးခြင်းရာကာမှလည်း မတတ်နိုင်တဲ့ လူမမည်တဲ့သူတွေ ကျန်းမာချမ်းသာ နေတာ ဘာတန်ဖိုးရှိသလဲ” ပြောပြီး ခပ်မြိန့်မြိန့် မဲ့လိုက်ကာ ... ၊ “တာဝတိံသာက ဆုတောင်းမေတ္တာကို လွယ်လွယ်ရမယ်မမှတ်နဲ့ ” ဒေါ်မြမင်းသီရိက ခဏရပ်နေပြီး ချက်ချင်း လှည့်ထွက်သွား၏။ လက်အုပ်ချီလျက် အာဏာသျှန် ဒီတိုင်း ဒူးတုပ်လျက် ကျန်ခဲ့လေသည်။ သို့သော် ပင့်သက်ရှိုက်လိုက်ရင်း စားပွဲပေါ်က ဓာတ်ပုံကို လှမ်းယူသည်။ ဘွားထွက်သွားသည့်ဘက်ကို မျက်နှာမူ၍ ဓာတ်ပုံကိုပါ ရှေ့မှာ ချထားလိုက်ပြီး ကန်တော့သည်။ ဒီလိုတွေ ရှိလာမယ်လို့ မထင်ခဲ့ပေမဲ့ ထင်ထားသလို အဆင်မပြေနိုင်လောက်ဘူး ဆိုတာတော့ တွက်ခဲ့ပြီးသားပါ။ ထို့ကြောင့် သိမ်ငယ်စိတ်ကြောင့် ထူအမ်းပူနွေးနေသည့် ကိုယ့်မျက်နှာကို အပူငွေ့ သေအောင် အသက်ဝဝ ရှူနေမိသည်။ ဧည့်ခန်းထဲမှာ တစ်ယောက်တည်း ကျန်ခဲ့ရင်း … ။
သျှင်မ ရေးသားသော စာအုပ်များ
  • ထို့ကြောင့် သူ့ကိုကျွန်တော်ချစ်သည်
    900 Ks
  • နှင်းမာန
    900 Ks
  • မဟာကမ္ဘာတည်စေသော်
    900 Ks
  • အချစ်ကြောင့်ဖြစ်၏
    900 Ks
  • ဂန္ထ၀င်ချစ်ထုံး
    900 Ks
  • အတူတူနေရအောင်
    900 Ks
'အချစ်၊ အလွမ်း ရသဝတ္ထုများ' စာအုပ် အမျိုးအစားများ
  • ယနေ့မှစ၍ ကျွန်တော်ကျွန်မတို့သည်...
    900 Ks
  • ချစ်သူ့ဝန်ထမ်း - ၂
    800 Ks
  • ဘဝရဲ့ဝင်္ကပါ
    600 Ks
  • ချစ်ခြင်းဖွဲ့လက်ဆောင်
    700 Ks
  • အချစ်ဆိုသည်မှာ
    800 Ks
  • လွင့်မျောပန်းချီ
    600 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ