အကြင်သူသည်
သိုးဆောင်း
1000 Kyats ကျပ်
ထူးခြားချက် ဆရာသိုးဆောင်းရဲ့ ဇာတ်လမ်းဇာတ်အိမ် ခပ်ဆန်းဆန်းနဲ့ ဝတ္ထုလက်ရာအသစ်တွေကို မမြင်ရတာ အတော်ကြာပြီ။ ဒါပေမဲ့ အခု ထွက်မယ့် ထွက်လာတော့လည်း စာရေးသူရဲ့ ပရိသတ်တွေ လုံးဝ မမျှော်လင့်ထားမိတဲ့ ဇာတ်လမ်း ဇာတ်အိမ်ကြီးကြီးနဲ့ ဝတ္ထုရှည်တစ်ပုဒ် ဖြစ်နေတယ်။ ဒီ့အတွက် သိုးဆောင်းရဲ့ လက်ရာ အရေးအသားနဲ့ ထူးခြားဆန်းသစ်တဲ့ အရေးအသားကို တစ်ဝကြီး ဖတ်ရှုလိုသူတွေအတွက် သိပ်ကို ကျေနပ်စရာ စာအုပ်လို့ ပြောရမှာပဲ။
အချစ်ဆိုတာ ဘာလဲ ?
အချစ်ဆိုတာ နူးညံ့သိမ်မွေ့ပြီး နက်နဲလှပတဲ့ အရာတစ်ခု
အချစ်ဆိုတာ အဖြူထည်သက်သက် ဒြပ်စင်တစ်ခု
ဒီဝတ္ထုထဲမှာတော့ ချစ်ခြင်းတရားကို စာရေးဆရာ သိုးဆောင်းက နူးညံ့သိမ်မွေ့ပြီး ဖြူစင်လှပလွန်းတဲ့ အဖြူထည် ဝါဂွမ်းစလေးတစ်ခုအဖြစ် ပုံဖော်ထားတာကို မြင်တွေ့ရလိမ့်မယ်။ စာဖတ်သူတိုင်းရဲ့ ရင်ဘတ်ထဲက နှလုံးသားတစ်နေရာမှာ အဲ့ဒီ အချစ်က စီးဝင်ပျံ့နှံ့သွားလိမ့်မယ်။ စာရေးသူကတော့ ခုလို ပြောထားတယ် ⏩
ခက်တော့လည်း ခက်သားလား …
အချစ်ဆိုတာမျိုးက
ခန္ဓာကို ပူလောင်စေတဲ့ ရာဂမီးတွေနဲ့
လုံးလုံးမပတ်သက်ကြောင်း
အချစ်ကို
တလေးတစား တန်ဖိုးထားသူ
တချို့တလေကပဲ
သိနိုင်တတ်ကြတာလေ … ။
ဒါနဲ့ စာရေးသူပြောတဲ့ ‘အကြင်သူ’ ဆိုတာ ဘယ်သူလဲ ?
စာအုပ်မျက်နှာဖုံးပေါ်က ကချေသည်တစ်ယောက်အကြောင်းလား !
အကြင်သူဟာ ….
[ သူမဟာ မိန်းကလေးတစ်ဦး ဖြစ်ပါတယ်၊
မိန်းကလေးတစ်ဦးမှာ ရှိသင့်တဲ့ အပြင်အဆင်၊ အရပ်အမောင်း၊ အရယ်အပြုံး၊ အလှအပတွေ အားလုံးလည်း ပြည့်စုံတယ်။ ဒါပေမယ့် … အရင်ဘဝက ဆုတောင်းမှားခဲ့တယ် ထင်ပါရဲ့၊ အလွန့်အလွန် ရှားပါးသော … ကံထူးသူ အချို့မှာသာ ရနိုင်သော … ဘုရားပေး လက်ဆောင်တစ်ခုက သူ့ရဲ့ စိတ်နဲ့ခန္ဓာမှာ အရိပ်တစ်ခုလို အုပ်မိုးလိုက်ပါနေတယ်။ တစ်ခါတစ်ခါ သူမဟာ ထိုလက်ဆောင်ကြောင့် ကိုယ့်ကိုယ်ကို ဂုဏ်ယူဝင့်ကြွားနေသလို … တစ်ခါတလေတော့လည်း စက်ဆုပ်ရွံရှာနေတတ်ပါတယ် … ]