ဦးသန်းရွှေ (သို့မဟုတ်) နေပြည်တော်မင်းသားကြီး

သန်းဝင်းလှိုင်

900 Kyats ကျပ်
ဦးသန်းရွှေဆိုတာဟာ မြန်မာနိုင်ငံက ပြည်သူတွေအတွက် မေ့ဖျောက်မထားနိုင်တဲ့ ဇာတ်ကောင်တစ်ဦးပါ။ သူဟာ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသော အာဏာပိုင်တဲ့ အာဏာရှင်ကြီးအဖြစ် ချုပ်ကိုင် လွှမ်းမိုးထားနိုင်ခဲ့တာက တကယ်ဆိုရင် သိပ်ပြီးတော့ အံ့သြဖွယ် အကြောင်းတရားတော့ မဟုတ်ပါဘူး။ ကမ္ဘာပေါ်က အာဏာရှင်တိုင်းမှာ သံတူကြောင်း ကွဲနည်းနာတွေ ရှိကြစမြဲပါ။ ဒါပေမယ့် ဦးသန်းရွှေနဲ့ပတ်သက်ပြီး ထူးခြားတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာကတော့ မြန်မာ့တပ်မတော်ခေါင်းဆောင် အာဏာရှင် ဗိုလ်ချုပ်မှူးကြီးအဖြစ် သူ့ရှေ့က သူပေါင်းများစွာကို ဖြတ်ကျော် တက်လှမ်းလာနိုင်ခဲ့ခြင်းပါ။ နောက် ဦးသန်းရွှေနဲ့ပတ်သက်ပြီး အထူးပြုလေ့လာဖို့လိုအပ်တဲ့ အကြောင်းအရာကတော့ မြန်မာနိုင်ငံလို နိုင်ငံမှာ နေပြည်တော်လို မြို့တော်ကြီးကို ထီးသစ်နန်းသစ်တည်ပြီး တစ်ကမ္ဘာလုံးက ဘယ်အာဏာရှင်မှ မရနိုင်ခဲ့တဲ့ ပလ္လင်ဆင်းခန်းနဲ့ အခွင့်အရေးတွေကို ခု လက်ရှိအချိန်ထိ ရယူပိုင်ဆိုင် တည်တံ့နေနိုင်တာပါပဲ။ ဒါဟာ ဦးသန်းရွှေရဲ့ အရည်အချင်းလို့ပဲ ဆိုရပါမယ်။ ဒါဆိုရင် အဲဒီ ဦးသန်းရွှေ (သို့) နေပြည်တော်မင်းသားကြီးရဲ့ ဘဝဟာ အစ အလယ်ကနေ အခုထိ ဘာတွေများ ထူးခြားနေသလဲဆိုတာ သိချင်ကြမှာ သေချာပါတယ်။ ဒါပေမယ့် အာဏာရှင်ပီသစွာပဲ သူ့ရဲ့အကြောင်းဟာ ဖော်ထုတ် ဖော်ပြမှုတွေ နည်းပါးခဲ့ပါတယ်။ ဒီဘက်ခေတ်မှာတော့ ဆရာသန်းဝင်းလှိုင်က သူလက်လှမ်းမီသလောက် နေပြည်တော်မင်း သားကြီးရဲ့ ဘဝကောက်ကြောင်းကို ရေးဆွဲပုံဖော်ပြထားတာမို့ ဘာပဲဖြစ်ဖြစ် လေ့လာသင့်တဲ့ လူပုဂ္ဂိုလ်တစ်ဦးရဲ့ အကြောင်းလို့ ဆိုရရင်တော့ မမှားပါဘူး။ တစ်ချိန်က ရက်ရက်စက်စက်ကို ကျော်ကြားခဲ့တဲ့ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှုးကြီးသန်းရွှေအကြောင်း ရေးသားထားတဲ့ စာအုပ်စာတမ်းတွေက အလွန် နည်းပါးပါတယ်။ အဲ့ဒီအထဲမှာမှ အခု မိတ်ဆက်လိုက်တဲ့ စာအုပ်ကတော့ ‘ဦးသန်းရွှေ ဘာလဲ၊ ဘယ်လဲ’ တစ်နည်း၊ ဦးသန်းရွှေအကြောင်း ထုပ္ပတ်ကို နိုင်ငံရေးရှုထောင့်ကနေ ရေးသားထားတဲ့ စာအုပ် ဖြစ်ပါတယ်။ စာပို့သမားဘဝကနေ အာဏာရှင် ဘယ်လိုဖြစ်လာသလဲ ? အာဏာက လူကို ပျက်စီးစေတယ်၊ အကြွင်းမဲ့အာဏာက လူကို ပိုပြီး ဆိုးဆိုးရွားရွား ပျက်စီးစေတယ် ဆိုတဲ့ နာမည်ကျော် စကားအတိုင်း ဒီစာအုပ်ထဲက အဖြစ်အပျက်တွေက ဘယ်လိုပုံဖော်သွားမလဲ ? ဦးသန်းရွှေအကြောင်း အစုံအလင် သိချင်တယ်ဆိုရင် ဒီစာအုပ်ကို ဖတ်ရှုကြည့်ဖို့ တိုက်တွန်းပါတယ်။
သန်းဝင်းလှိုင် ရေးသားသော စာအုပ်များ
  • သခင်ဋီကာသစ်
    900 Ks
  • သင်ဈေးရောင်းတတ်ပြီလား
    900 Ks
  • ဦးခင်ညွန့် သို့မဟုတ် ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့သူ
    900 Ks
  • သမိုင်းတစ်ကွေ့မှ အကျော်ဇေယျ အမျိုးသမီးများ
    900 Ks
  • ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအတွေးအမြင်များ
    1000 Ks
  • အသုံးချရူပသျှတ္တရပညာ
    900 Ks
'အတ္ထုပ္ပတ္တိ၊ မှတ်တမ်းနှင့် ခရီးသွားစာပေ' စာအုပ် အမျိုးအစားများ
  • အမျိုးသမီး အနုပညာရှင်များ
    600 Ks
  • ခရီးသွားလုပ်ငန်း
    600 Ks
  • သူတို့တိုက်ခဲ့သော KNU နှင့်တိုက်ပွဲများ
    900 Ks
  • ဟောင်ကောင်နွေဦးညများ
    1000 Ks
  • ဥရောပတစ်ခွင် အမြန်လမ်းနှင့် ခရီးတွင် (ကိုးနိုင်ငံခရီး)
    600 Ks
  • သေရွာပြန်စာရင်း
    800 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ