ဒုဋ္ဌဝတီနဂါးသိုက်မှ ဃာရုနာရုံမင်းသမီး

သကျသကျစံ

အခမဲ့
ဒီစာအုပ်ထဲမှာတေ့ ဒုဋ္ဌာဝတီနဂါးသိုက်က ဃာရုနဂါးမင်း၊ ဃာရုနာရုံမင်းသမီးနဲ့ နဂါးမင်းရဲ့ ညီမတော်တို့ ဇာတ်လမ်းကို မြင်ရမှာပါ။ သူတို့တွေက လူ့ဘဝကိုလာကြတယ်။ ပထမတစ်ခေါက်မှာ နဂါးမင်းနဲ့ ညီမတော်လာတယ်။ ဒုတိယတစ်ခေါက်မှာ သုံးယောက်စလုံးလာကြတယ်။ သူတို့ဟာ သိုက်ကလာတယ်ဆိုတာမသိဘဲ သိုက်ဆက်ဖြတ်ဖို့ ကြိုးစားကြမိတယ်။ တတိယအကြိမ်လာတဲ့အခါမှာတော့ ရင်ကွဲစရာတွေ ဖြစ်လာတော့တာပဲ။ ဒီဝတ္ထုက ပြောရရင် (၃) ဘဝဇာတ်လမ်းပါ။ ပထမနှစ်ဘဝကို ကုန်းဘောင်ခေတ်နန်းတွင်းမှာ ဇာတ်အိမ်တည်ထားတယ်။ တတိယဘဝကတော့ လက်ရှိခေတ်ပေါ့။ ဇာတ်လမ်းက တော်တော်လေးပဲ စိတ်ဝင်စားဖို့ကောင်းသလို၊ ဖတ်ပြီးတော့ ရင်ထဲမှာကျန်ခဲ့တယ်။ သူတို့သုံးဦးရဲ့ အဖြစ်အပျက်တွေကို မျက်စိထဲမှာ မြင်ယောင်ပြီး ခဏခဏ ပြန်တွေးနေမိတဲ့အထိ ရင်ထဲကျန်ခဲ့တဲ့ ဒီဝတ္ထုကို ၈၀၀ ကျပ်ဖြင့် ဖတ်ရှုလိုက်ပါ..။