နှလုံးသားကို ချဉ်းနင်းတဲ့ခြေသံ					
					
						လမင်းမိုမို					
					
						800 Kyats ကျပ်					
					
						သည်းမိုးသုန်နဲ့ ပန်းခေါင်ရန်းတို့က သွေးမတော်သားမစပ် ညီအစ်မတွေ။ ရှင်းရှင်းပြောရရင် အဒေါ်ဘက်ကအမျိုးနဲ့ ဦးလေးဘက်က အမျိုးပေါ့။ တစ်အိမ်ထဲနေလို့တည့်သလားမမေးနဲ့၊ မျက်နှာချင်းမဆိုင်တာတောင် ရန်ဖြစ်နိုင်တဲ့သူတွေ။ ဒါပေမဲ့၊ တစ်ယောက်နဲ့တစ်ယောက် မုန်းလားဆိုတော့လည်း မမုန်းကြပါဘူး။ အနိုင်မခံအရှုံးမပေး အဆင့်ဆိုပါတော့။ ဒီလို မတည့်အတူနေနှစ်ယောက်အိမ်ကို ဘုန်းသမ္ဘာဆိုတဲ့ လူတစ်ယောက် တည်းဖို့ရောက်လာတဲ့အခါ မတည့်အတူနေ ညီအစ်မနဲ့ ဘုန်းသမ္ဘာတို့ဇာတ်လမ်းက ရင်ခုန်စရာ ဘာတွေဖြစ်လာမလဲဆိုတော့ !