သူသာမြတ်နိုးရာ

လမင်းမိုမို

800 Kyats ကျပ်
❤ ရွဲက အသက်သာ ၂၃ နှစ်ဖြစ်လာတာ ကလေးတစ်ယောက်လို နေတတ်တုန်း၊ ရွဲ့တတ်စောင်းတတ်တယ်၊ ကတ်ကတ်လန် ရန်ပြန်တွေ့တတ်သေးတယ်။ သူနဲ့တွေ့တွေ့ချင်း ရန်ဖြစ်ရတာက စက်ရှိန်သာပေါ့။ သူ့ကြောင့် ရွဲ ရဲ့နှင်းဆီပန်းလေး ပျက်စီးသွားတာကို ရွဲက တစ်နေ့ကျရင် စက်ရှိန်သာ မြတ်နိုး၊ တန်ဖိုးထားတဲ့ အရာကို ပြန်ဖျက်ဆီးပြမယ်ဆိုပြီး ကြိမ်းထားတာ !! ❤ အဲဒီမှာ စိတ်ဝင်စားဖို့ကောင်းတာက ရွဲ နဲ့ စက်ရှိန်သာကို မိဘချင်းကကျိတ်ပြီး သဘောကျနေ၊ သဘောတူနေကြတယ် ဆိုတာပဲ။ ခက်တာက ရွဲကို စက်ရှိန်သာက တစ်စက်ကလေးမှ ကြည့်လို့မရဘူး။ ရွဲကလည်း ရွဲ့တဲ့ စောင်းတဲ့နေရာမှာ နှစ်ယောက်မရှိဘူးလေ။