ဖောရက်စ်ဂမ့်
လင်းခန့်
1000 Kyats ကျပ်
“ဘဝမှာ နေသားတကျ ရှင်သန်နိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက ကိုယ့်နေရာမှာ ကိုယ့်ဘာသာ မြဲမြဲမြံမြံ ရပ်တည်နိုင်အောင် ကြိုးစားဖို့ပဲ”
မင်းသားကြီး Tom Hank ရဲ့ ဇာတ်ကား၊ Forrest Gump ဆိုတဲ့ ရုပ်ရှင်ကို တော်တော်များများ ကြည့်ဖူးကြမှာပါ။ (၁၉၈၆) မှာ ထုတ်ဝေခဲ့တဲ့ ဒီဝတ္ထုက အစကတော့ Best Seller မဖြစ်ခဲ့ပါဘူး။(၁၉၉၄) ခုနှစ်မှာတေ့ မူရင်းဝတ္ထု နာမည်အတိုင်း ရုပ်ရှင်ထွက်လာတယ်။ အရမ်းကို အောင်မြင်သွားတယ်။ မူရင်းဝတ္ထုကလည်း အုပ်ရေနှစ်သန်းကျော်တဲ့အထိ သောက်သောက်လဲ ရောင်းလိုက်ရတယ်။
ဒီဝတ္ထုထဲမှာက ဖောရက်စ်ဂမ့် ဆိုတဲ့ ဉာဏ်ရည်မမီတဲ့ ကောင်လေးတစ်ယောက်အကြောင်း၊ သိပ်စိတ်မနှံ့တဲ့ ပေါတောတောပုံစံနဲ့။ တဖြည်းဖြည်း အရွယ်ရောက်လာတဲ့အထိ သူ့ဘဝထဲမှာ ကြုံတွေ့ခဲ့ရသမျှ အဖြစ်အပျက်တွေနဲ့ တွေ့ခဲ့သမျှ လူတွေအကြောင်းကို ဇာတ်ကြောင်း ပြန်ပြောပြတဲ့ ပုံစံနဲ့ ရေးထားတယ်။
တကယ်တော့ Forrest Gump ရုပ်ရှင်ဟာ ဝတ္ထုရဲ့ သုံးပုံတစ်ပုံလောက်ပဲ တင်ပြပေးနိုင်ခဲ့တယ်လို့ ပြောရမယ်။ အိုင်ကျူခပ်နိမ့်နိမ့်နဲ့ လူတစ်ယောက်အကြောင်း ရေးထားတဲ့ စာအုပ်ဟာ ဘာလို့ ကမ္ဘာပေါ်မှာ သိပ်ကို နာမည်ကြီးရတာလဲ ? ဘဝရဲ့ လောကဓံတွေကြားမှာ နည်းနည်းမှ အပြုံးမပျက်ဘဲ ပျော်ပျော်ပဲ ဖြတ်သန်းနေတဲ့ ဖောရက်စ်ဂမ့်ရဲ့ အတွေးအခေါ်က ဘယ်လိုမျိုးလဲ ? ဒါတွေကို ရုပ်ရှင်ထဲ မြင်ရတဲ့အခါ ဝတ္ထုလောက်တော့ မပြည့်စုံဘူးလို့ ခံစားရတယ်။
>> ဘာပဲဖြစ်ဖြစ် ကျနော်တော့ ရုပ်ရှင်လည်း ကြိုက်ပါတယ်။ မူရင်းဝတ္ထုကိုတော့ ပိုသဘောကျတယ်။ ခင်ဗျားတို့လည်း ဖတ်ကြည့်ပါ။ ရုပ်ရှင်ကြည့်ပြီးရင် ဖတ်ကိုဖတ်သင်တဲ့ မူရင်းဝတ္ထုထဲမှာ ဒီစာအုပ်လည်း တစ်အုပ်အပါအဝင်ပါပဲ
လင်းခန့် ရေးသားသော စာအုပ်များ
'ဘာသာပြန် ရသ/သုတ စာပေ' စာအုပ် အမျိုးအစားများ
-
လူဖြူဘုရင်မ
900 Ks
-
လေဆန်တိုးပြီး မိုးမှာပျံ
700 Ks
-
ကွန်ဖြူးရှပ်
600 Ks
-
ထောင်စုသစ် အိုင်ဒီယာများ
1000 Ks
-
သုတအဖြေ အထွေထွေ
600 Ks
-
ရောမကိုအာခံသူ
900 Ks
Prev
Next