ဇော (Chapter-9) (ဇာတ်သိမ်း)

လင်းခန့်

400 Kyats ကျပ်
⏩ စာမြည်း ⏩ အမှန်တော့ မုသားစကားသာ ဖြစ်မှန်း လူးဝစ် သူ့ကိုယ်သူ သိပါ၏။ ကြောင်များသည် သက်စွန့်ဆံဖျား နေထိုင်တတ်သည့် သတ္တဝါများ ဖြစ်ပြီး မကြာခဏဆိုသလို သာမန်လူတို့၏ မျက်စိရှေ့မှာပင် သွေးသံရဲရဲနှင့် သေပွဲဝင်ကြတာ များသည်။ ညဆိုလျှင် အယ်လီ့အိပ်ရာခြေရင်း လာလာအိပ်တတ်သော ချာ့မှာ အခုတော့ ပြတင်းပေါက်ဘောင်မှာ နေစာလှုံရင်း ဇိမ်ယူနေပုံ ရသည်။ ချာ့ကြောင်ပေါက်လေးဘဝက ချည်ကြိုးလုံးကလေးလို သိပ်ချစ်ဖို့ကောင်းသည်။ နောက်တော့ အတောင်တစ်ဖက် ကျိုးနေသော ငှက်တစ်ကောင်ကို လိုက်ခုတ်တာ လူးဝစ် မြင်ဖူးသည်။ ချာ့မျက်လုံးက စူးစမ်းလိုစိတ်အပြည့်နှင့် အစိမ်းရောင် စိုလက်တောက်ပနေသဖြင့် သွေးအေးရက်စက်လိမ့်မည်ဟု လူးဝစ် ကျိန်ပြောရဲသည်။ သို့ရာတွင် ချာ့သည် သူလိုက်ခုတ်သော အကောင်ပလောင်ကို အသေသတ်ပစ်တာ မရှိသလောက် ရှားလေ၏။ မှတ်မှတ်ရရ တစ်ခါတုန်းက လူးဝစ်တို့တိုက်ခန်းနှစ်ခုအလယ်က လမ်းကြားထဲမှာ ကြွက်ကြီးတစ်ကောင်ကို ချာ့ဖမ်းမိဖူးသည်။ ထိုစဉ်က ရေချယ်က ဂေ့ဂ်ျ၏ကိုယ်ဝန် ခြောက်လနှင့်။ ချာ့နှင့် ထိုကြွက်ကြီး နှစ်ကောင်သား သွေးသံရဲရဲနှင့် လုံးထွေးကုတ်ဖဲ့နေတာ မြင်တော့ ရေချယ့်ခမျာ ရေချိုးခန်းထဲ အပြေးအလွှား သွားအန်ရသည်။ သက်စွန့်ဆံဖျား ရှင်သန်၍ သက်စွန့်ဆံဖျား သေဆုံးကြသော သတ္တဝါများထဲမှာ ကြောင်လည်း ပါသည်။ ခွေးလိုက်လို့ ကြောင်ပြေးလျှင် ကာတွန်းများထဲမှာသာ လွတ်လိမ့်မည်။ တကယ့်လက်တွေ့မှာတော့ တစ်စစီ ဖြစ်သွားကြတာ များ၏။ အဆိပ်လူးထားသော အမဲစားမိ၍ သို့မဟုတ် ကားတိုက်၍ စသည့်အကြောင်းရင်းများကြောင့် သေကြတာလည်း ရှိသေးသည်။ ကြောင်တို့သည် တိရစ္ဆာန်လောကမှာတော့ ဥပဒေဘောင်အပြင်ဘက်မှာ နေ၊ ဥပဒေဘောင်အပြင်မှာပင် သေကြသော လက်ရဲဇက်ရဲ ငမိုက်သားများ ဖြစ်သောကြောင့် အိုမင်းမစွမ်း ဖြစ်သည်အထိ အသက်ရှည်အောင် မနေကြရချေ။ သို့ရာတွင် ထိုအကြောင်းအရာများအား သေခြင်းတရားနှင့်ပတ်သက်၍ ပထမဆုံးအကြိမ် စူးစမ်းလေ့လာနေသော ငါးနှစ်သမီးကို ပြောပြလို့ နားလည်မှာ မဟုတ်၊ ပြောပြဖို့လည်း မသင့်ဟု ထင်သည်။ ⏪
လင်းခန့် ရေးသားသော စာအုပ်များ
  • ရေမွှေး
    900 Ks
  • ဇော (စ/ဆုံး)
    1000 Ks
  • မြူ
    900 Ks
  • ဇော (Chapter-9) (ဇာတ်သိမ်း)
    400 Ks
  • သစ်မိစ္ဆာခေါ်သံ
    900 Ks
  • ဇော (Chapter-6)
    400 Ks
'ဘာသာပြန် ရသ/သုတ စာပေ' စာအုပ် အမျိုးအစားများ
  • တိမ်းရှောင်သူ
    1000 Ks
  • မနုဿပျက်ခန်း
    800 Ks
  • ရေပွက်ပမာ
    1000 Ks
  • ပလ္လင်ထက်မှ ကစားပွဲ (Chapter-26)
    100 Ks
  • အချစ်ပုံပြင်
    800 Ks
  • မော့ဆက်ထိပ်သီးနှင့် ဂျေရုဆလင်စီရင်ချက်
    600 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ