ဇော ဒုတိယပိုင်း (Chapter-7)

လင်းခန့်

400 Kyats ကျပ်
ဂေ့ဂ်ျကို အိမ်ပေါ်ထပ် ချီလာတော့ စက်တင်ဘာလဆန်း နေရောင်က အိမ်ထဲကို ထိုးကျနေလေပြီ။ ဂေ့ဂ်ျအခန်းထဲ ရောက်တော့ စိတ်ထဲမှာ မသိုးမသန့် ခံစားမိသဖြင့် ဘေးဘီကို လှည့်ပတ် ကြည့်မိသည်။ ဂေ့ဂ်ျကိုလည်း တင်းကျပ်စွာ ပွေ့ထားမိသဖြင့် ဂေ့ဂ်ျက မသက်မသာ လူးလွန့်လာ၏။ လူးဝစ်၏ လက်မောင်း တစ်လျှောက်နှင့် ကျောကုန်းမှာ ကြက်သီးမွေးညင်း ထလာသည်။ ဘာဖြစ်တာလဲဟ။ သူ စိတ်ရှုပ်ကာ လန့်သလိုလို ဖြစ်လာ၏။ ရင်လည်း တဒိတ်ဒိတ် ခုန်လာသည်။ ဦးရေပြားလည်း အေးခနဲ ဖြစ်သွားကာ ခေါင်းနားပန်း ကြီးလာသလို ခံစားရ၏။ လူသားတို့သည် ကြောက်မက်ဖွယ်ရာ တစ်ခုခုကို ကြုံရလျှင် အက်ဒရီနလင်း ဟော်မုန်းများ ထွက်လာတတ်သည်။ ထိုအခါ မျက်စိများ အလိုလို ပြူးကျယ် လာတတ်၏။ သူ့မျက်စိလည်း ပြူးကျယ် လာသလို ခံစားရသည်။ တကယ် ပြူးထွက်လာခြင်း မဟုတ်သော်လည်း သွေးဖိအားကြောင့် ဖောင်းတော့ ဖောင်းလာ၏။ ဘာဖြစ်တာလဲ၊ သရဲ ခြောက်တာလား၊ ဘုရား ဘုရား။ သူ့အနောက်က တစ်ယောက်ယောက် လိုက်လာသလို ခံစားရသည်။ တစ်စုံတစ်ခုကို မြင်လိုက်တော့မှာ လိုလို။ လူးဝစ်က ထအော်မိတော့မလို ဖြစ်ကာ တစ်စုံတစ်ခုကို သွားတွေးမိပြီး ရယ်ချလိုက်သည်။ လူတွေသည် တစ်ခါတလေ မဟုတ်ကဟုတ်က လျှောက်တွေးကာ ကိုယ့်ဘာသာ လန့်လာတတ်သည်။ လူ့စိတ်သည် တစ်ဆိတ်ကိုလည်း တစ်အိတ်ဖြစ်အောင် ချဲ့ကားတတ်သည်။ သူ့အလုပ်အကိုင် အရ လူသေကောင်ပေါင်း နှစ်ဒါဇင်လောက်နှင့် ကြုံဖူးသော်လည်း တစ်သက်နှင့် တစ်ကိုယ် တစ်ခါမှ သရဲခြောက် မခံရဖူးသလို တစ္ဆေသရဲကိုလည်း တစ်ခါမှ မမြင်ဖူးချေ။
လင်းခန့် ရေးသားသော စာအုပ်များ
  • ဝတ္ထုတိုများ
    400 Ks
  • မြက်ရိုင်းတောဝယ်
    400 Ks
  • ဇော (Chapter-8)
    400 Ks
  • မေ့ရင်သွေး
    400 Ks
  • မြူ
    900 Ks
  • သစ်မိစ္ဆာခေါ်သံ
    900 Ks
'အွန်လိုင်းစာပေ' စာအုပ် အမျိုးအစားများ
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၄၂)
    1000 Ks
  • အသန်မာဆုံးသော အပယ်ခံသား (စာစဉ်-၄၇)
    1000 Ks
  • မဟူရာကမ္ဘာ၏ တန်ခိုးရှင် (စာစဉ်-၅)
    Free
  • ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (စာစဉ်-၁)
    Free
  • ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (စာစဉ်-၄၁)
    500 Ks
  • သုခကမ္ဘာက ရှီဟောင် (စာစဉ်-၃)
    Free
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ