ထူးဆန်းသော ပန်းချီကားနှင့် အခြား သည်းထိတ်ရင်ဖို ဝတ္တုတိုများ

ရဲသူ

400 Kyats ကျပ်
သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေ ကြိုက်တတ်တဲ့ ကျနော်ကတော့ ဒီစာအုပ်ကိုဖတ်ကြည့်ပြီး တော်တော်ကို သဘောကျသွားတယ်။ စာအုပ်ထဲက ပထမဆုံး ဘာသာပြန်ဇာတ်လမ်း၊ သူရဲခြောက်သောခန်းဆီးများ ဝတ္ထုတိုမှာဆိုရင် ဒန်တန်ဆိုတဲ့ လူတစ်ယောက်က စာအုပ်တစ်အုပ်ဝယ်လာတယ်။ စာအုပ်ထဲမှာပါတဲ့ မျဉ်းကွေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ပုံတစ်ခုရဲ့ ဒီဇိုင်းကိုယူပြီး သူ့အိမ်မှာတပ်မယ့် ခန်းဆီးတွေမှာ ထည့်ဆွဲခိုင်းလိုက်တယ်။ အဲဒီပုံတွေပါတဲ့ ခန်းဆီးတွေ အိမ်ကိုရောက်လာပြီး နောက်ပိုင်းမှာပဲ ဒန်တန်တစ်ယောက် ချောက်ချားစရာအဖြစ်အပျက်တွေ စကြုံခဲ့ရတာကို ရေးသားထားတာ တော်တော်မိုက်တယ်။ နောက်ထပ်ဘာသာပြန်ထားတဲ့ ထူးဆန်းသော ပန်းချီကား၊ ကျောင်းပုံပြင်၊ မာတင်ရေကန်၊ ပရီမီယံ ဟာမိုနီ၊ သော့ခတ်ထားသောအခန်း၊ အင်ဂလေးစံအိမ်ပန်းချီကား ဇာတ်လမ်းတွေ ဖတ်ရတာလည်း အရမ်းမိုက်တယ်။ တော်တော်သဘောကျဖို့ကောင်းတဲ့ စာအုပ်ပဲဗျ။