မန္တလေးသို့အပြန်

ရာပြည့်

2000 Kyats ကျပ်
ဒီစာအုပ်ကတော့ ခရီးသွားချစ်သူတွေလည်း ဖတ်သင့်၊ ရသဝတ္ထုချစ်သူတွေလည်း လက်မလွှတ်သင့်၊ ဘာသာပြန် စာဖတ်သူတွေအတွက်လည်း ခိုက်သွားမယ့် ဝတ္ထုတစ်အုပ်ပဲ ဖြစ်ပါတယ်။ နာမည်ကြီး ဗြိတိန်စာရေးဆရာမတစ်ယောက်ဖြစ်သူ ရိုဆန်နာလေ ( Rosanna Ley ) ရဲ့ “Return to Mandalay” ဆိုတဲ့ စာအုပ်ကို ဆရာရာပြည့်က ဘာသာပြန်ဆိုထားတာပဲ ဖြစ်ပါတယ်။ Return to Mandalay ဆိုတဲ့အတိုင်း မန္တလေးမြို့ရဲ့ အလှအပနဲ့ ယဉ်ကျေးမှုတွေကို အသေးစိတ်ခြယ်မှုန်းထားတယ်။ ဒါတင်မကသေးဘဲ မြန်မာပြည်ရဲ့ အခြားနေရာများနဲ့ သဘာဝအလှအပတွေ၊ မြန်မာမဟုတ်သော မြန်မာစာရေးဆရာတစ်ဦးရဲ့ မြန်မာ့အလှနှင့် တန်ဖိုးကို ရှုမြင်ထားပုံတွေက စာဖတ်သူရဲ့ နှလုံးသားထဲမှာ ကိုယ့်နိုင်ငံကို ချစ်မြတ်နိုးစိတ်တွေ တဖွားဖွား ပေါ်လာမိစေမှာ အသေအချာပါပဲ။ စာရေးသူဟာ ဒီဝတ္ထုကို ရေးသားဖို့အတွက် မြန်မာနိုင်ငံကို အကြိမ်ကြိမ် လာရောက်လေ့လာခဲ့ပြီး ပြည်တွင်းစစ်ပွဲတွေနဲ့အတူ မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုတွေကိုပါ သိမြင်တွေ့ရှိဖူးသူတစ်ယောက်၊ သူမရဲ့ ဝတ္ထုထဲမှာ သူမ မြင်ခဲ့ သိခဲ့ရတာတွေက ဘယ်နည်းဘယ်ပုံ ထင်ဟပ်နေမလဲ … ။
ရာပြည့် ရေးသားသော စာအုပ်များ
  • မန္တလေးသို့အပြန်
    2000 Ks
  • လူစွမ်းကောင်းမဟုတ်သော နေဗီဆီးလ်တပ်ဖွဲ့ဝင်တစ်ယောက်
    800 Ks
  • အမေရိကန်စနိုက်ပါ
    800 Ks
  • စာအုပ်သူခိုး
    1500 Ks
  • ထာဝရအတွက် ပထမခြေလှမ်း
    800 Ks
'ဘာသာပြန် ရသ/သုတ စာပေ' စာအုပ် အမျိုးအစားများ
  • ပါပီလွန်နှင့် ဗင်ကို
    1500 Ks
  • ထောင်စုသစ် အိုင်ဒီယာများ
    1000 Ks
  • ရပ်မနေသော ချစ်ခြင်းအတတ်
    600 Ks
  • Resident Evil (Chapter-10)
    400 Ks
  • သစ်မိစ္ဆာခေါ်သံ
    900 Ks
  • ကျွန်မင်းသား
    Free
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ