ရတနာစံအိမ် (လျှို့ဝှက်သည်းဖို ဝတ္ထု)
ဘသက်ဆွေ
600 Kyats ကျပ်
လျှို့ဝှက်သည်းဖိုဝတ္ထုတွေကို ကြိုက်တတ်သူတွေအတွက်တော့ ဒီဝတ္ထုက အံကိုက်ပဲဗျ။ (၁၉၉၇) ခုနစ်၊ ဇန်နဝါရီလကနေစပြီး ဆယ်လလောက်အထိ မှုခင်းစုံမဂ္ဂဇင်းမှာ အခန်းဆက် ဖော်ပြခဲ့တဲ့ ဝတ္ထုကောင်းတစ်ပုဒ်ပါ။ ဇာတ်လမ်းရှုပ်ထွေးချက်ကတော့ တကယ်သပွတ်အူလို့ ဆိုရမလောက်ပဲ။ လုံးချင်းထုတ်ဖို့ စာဖတ်ပရိသတ်တွေ တောင်းဆိုတော့ ဒီစာအုပ်ဖြစ်လာရတာပေါ့။
စာရေးသူ တာဝန်ထမ်းဆောင်နေတဲ့ အကျဉ်းထောင်ဆီကို ထောင်ဝင်စာ လာတွေ့တဲ့ သားအမိနှစ်ဦးနဲ့ တွေ့ဆုံခင်မင်ရင်းနှီးမိရာကနေ ဒီဖြစ်ရပ်မှန် ဇာတ်လမ်းကို ရရှိခဲ့တာ။ အလွန်ရှုပ်ထွေး ပွေလီပြီး တုန်လှုပ်ချောက်ချားဖွယ် လျှို့ဝှက်နက်နဲလွန်းတဲ့ ‘ရတနာစံအိမ်’ မိသားစုရဲ့ ဇာတ်လမ်းကို ဖြစ်ရပ်မှန် အချက်အလက်တွေနဲ့ စိတ်ကူးစိတ်သန်းကို ပေါင်းစပ်ခြယ်မှုန်း ရေးသားထားတဲ့ ဝတ္ထုဖြစ်တော့၊ ဖတ်ရတာ အက်ဒမင်တော့ တော်တော်လေး သဘောကျတယ်ဗျာ။