ဂုဏ်ရည်အထူး၊ ကျေးဇူးထင်ရှား ခင်ပွန်းကြီး (၁၀) ပါး

နန္ဒာမိုးကြယ်

700 Kyats ကျပ်
ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘဝနေထိုင်မှုမှာ ဘုရားရှင်အမှူးပြုတဲ့ ခင်ပွန်းကြီး (၁၀) ဆိုတာ ရှိပါတယ်။ လူတွေဟာ ခင်ပွန်းကြီး (၁၀) ပါးအပေါ် မပြစ်မှားမိစေဖို့၊ ကျေးဇူးတရားကို မေ့မေ့လျော့လျော့မဖြစ်စေဖို့၊ ဒီ့ထက် ခင်ပွန်းကြီး (၁၀) ပါးအပေါ် ကျူးလွန်ပြစ်မှားမိမှုတွေကို ရှောင်ကြဉ်စေနိုင်စေဖို့အတွက် အကျိုးအကြောင်းအပ်စပ်တဲ့ ဇာတ်နိပါတ်တော် သာဓကတွေနဲ့ ဆရာနန္ဒမိုးကြယ်က တင်ပြရေးခြယ်ထားပါတယ်။ အမှားရှိရင် အမှန်မြင်နိုင်၊ အမှန်ပြင်နိုင်ဖို့အတွက်ကိုလည်း ဆရာက ခင်ပွန်းကြီး (၁၀) ပါး ကန်တော့နည်းကိုပါ လေ့လာတင်ပြထားပါတယ်။ မပြစ်မှား၊ မစော်ကားသင့်တဲ့ ပုဂ္ဂိုလ်တွေကို မပြစ်မှား၊ မစော်ကားမိဖို့၊ မှားခဲ့ရင်လည်း ပြင်ဆင်နိုင်ဖို့၊ ဒီစာအုပ်လေးက စာချစ်သူတို့ကို အကူအညီပေးနိုင်မှာပါ။ ဇာတ်နိပါတ်တော်တွေနဲ့ ဥပမာပေး ရေးသားထားတာမို့ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်နော်။