ဇွတ်

နီကိုရဲ

800 Kyats ကျပ်
အဆောင်နေ ကျောင်းသားဘဝရဲ့ အမှတ်တရတွေ၊ လူငယ်ရင်ခုန်သံတွေ ဝေဆာနေတဲ့ ဇာတ်အိမ်ဇာတ်ကွက် အရိပ်အငွေ့တွေ၊ ကံ့ကော်ရနံ့ ပျံ့သင်းနေတဲ့ ကျောင်းသားဘဝတွေကို ဟာသရသနှောပြီး လူမှုဘဝတွေကြားက အဖြစ်အပျက်တွေနဲ့ ရောယှက်ပုံဖော်ထားတဲ့ ဆရာနီကိုရဲရဲ့ ‘ဇွတ်’။ ရယ်စရာ၊ ပြုံးစရာလေးတွေ ပါပေမဲ့ ဆရာနီကိုရဲရဲ့ ဝတ္ထုတွေက အပေါစား ဟာသဝတ္ထုမျိုးတော့ မဟုတ်ပါဘူး။ ခေါင်းစဉ်လေးကသာ ပေါ့ပေါ့ပါးပါးပေမဲ့ ဒီစာအုပ်ကလည်း လူ့စိတ်သဘော၊ လူ့သဘာဝ၊ အောက်ခြေလူတန်းစားတွေရဲ့ နှလုံးသားတွေကို ကြည်နူးစရာ ရသတွေနဲ့ ရေးဖွဲ့ထားတာမို့ ဇာတ်လမ်းကောင်းကောင်း၊ အရေးအသားကောင်းကောင်း၊ ခံစားမှု အားကောင်းကောင်းနဲ့ ဖတ်ချင်သူတွေအတွက် သင့်တော်တဲ့ စာအုပ်တစ်အုပ်လို့ပဲ ဆိုချင်ပါတယ်။ တက္ကသိုလ်ကျောင်းသားတွေ ငှားနေကြတဲ့ အဆောင်လေးတစ်ဆောင်ဆီ ကျောင်းသားအသစ်၊ အဆောင်သားအသစ်တွေ ရောက်လာတဲ့ နေ့တစ်နေ့။ ဘုန်းကြီးကျောင်းသားလေး ရွှေကဲကို တက္ကသိုလ်ကျောင်းတက်ဖို့အတွက် အဆောင်နေ ကျောင်းသားအဖြစ် လာအပ်တာက ဆရာတော်ကိုယ်တိုင်။ ပညာလိုချင်တဲ့၊ စာကြိုးစားတဲ့ ရွှေကဲနဲ့ မိုးမိုးစိုးဆိုတဲ့ ချစ်စရာ မိန်းကလေးတစ်ယောက်တို့ရဲ့ ရင်ခုန်စရာ၊ ကြည်နူးစရာ၊ ရယ်ပြုံးစရာ၊ လွမ်းမောစရာ၊ ကရုဏာသက်စရာ အဖြစ်တွေကို အခြေခံလူတန်းစားတွေရဲ့ လူမှုပြဿနာ၊ အချစ်ရေး အချစ်ရာတွေနဲ့ ပေါင်းစပ်ရေးသားထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်မို့ စာချစ်သူတို့အတွက် လက်တို့လိုက်ပါရစေနော်။
နီကိုရဲ ရေးသားသော စာအုပ်များ
  • ပန်းပွင့်ကို ဖယ်ကြည့်မှ မြင်ရမယ့်လမင်း
    800 Ks
  • ကျွန်တော်နှင့် ဈေးသည်အလွဲများ
    800 Ks
  • စိတ်နဲ့ခြွေတဲ့အကြွေ
    800 Ks
  • ဘာကြီးလဲ
    800 Ks
  • သစ္စာမြား
    800 Ks
  • မုန်းဆိုး
    800 Ks
'စိတ်လက်ပေါ့ပါး ဟာသစာအုပ်များ' စာအုပ် အမျိုးအစားများ
  • ချစ်ခြင်းဖြင့် လင်းလက်စေ
    600 Ks
  • အပြစ်ကင်းတဲ့ ချစ်ခြင်းလင်္ကာ
    900 Ks
  • နို့ဋိကာ (မင်္ဂလာဦးဟာသစာတို)
    200 Ks
  • ချစ်လို့စတာ နာတယ်
    900 Ks
  • ဟာကွက်နှင့်အခြားဝတ္ထုများ
    600 Ks
  • ရည်းစားရှိတဲ့အဖွား ကလေးဟာသများ
    600 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ