ဇေကာ

နတ်ရွာမိုး

800 Kyats ကျပ်
>> သူ့နာမည်ကရေချမ်းတဲ့။ ဒါပေမဲ့ နာမည်လိုတော့ တစ်ခါမှမအေးချမ်း။ သူ့ကြည့်လိုက်ရင် ပူလောင်နေတာကြီးပဲ။ ကြုံလိုက်ရင်လည်း အလွဲတွေကြီးပဲ။ ပြဿနာတွေကြီးပဲ။ သူ့ကိုအဲဒီလို ပြဿနာတွေ ယူလာပေးတာ ဆန်ကော။ ဟုတ်တယ်။ ဆန်ကော။ ရေချမ်းအမေကမှာလိုက်လို့ ရေချမ်းကုမ္ပဏီရဲ့စကားပြန်အဖြစ် တရုတ်ပြည်သွားတုန်း လက်ဆောင်အဖြစ် ဝယ်လာတဲ့ဆန်ကော။ အဲဒီဆန်ကောကြောင့် ကုမ္ပဏီအထက်အရာရှိက ငြိုငြင်တယ်။ အဲဒီဆန်ကောကိုအစပြုလို့ ပြဿနာပေါင်းစုံတက်ရတယ်။ >> နောက်တစ်ယောက်ရှိသေးတယ် သူကယွန်းဝတီ။ အဖေက သူဌေးကြီးဖြစ်ပေမဲ့ ရေချမ်းတို့ကုမ္ပဏီမှာ လခစားဝန်ထမ်းအနေနဲ့ အလုပ်လာဝင်နေတဲ့သူ။ ဘာဖြစ်လို့ ဒီလိုလာလုပ်နေရတာလဲ။ ဒီလို ခပ်ဆန်းဆန်း ဇာတ်လမ်းနောက်ခံနဲ့ လူနှစ်ယောက်က ဆန်ကောတစ်ခုအကြောင်းပြုပြီး ဘယ်လို အလွဲတွေကြုံရမလဲ၊ ရယ်စရာတွေကြုံရမလဲ၊ ကံတရားက ဘယ်လိုလှည့်စားမှုတွေ ပေးဦးမလဲဆိုတာကို ရင်ခုန်စွာနဲ့ ဖတ်ကြည့်လိုက်ရအောင်!