ဂြိုဟ်မွှေတဲ့ ပုလဲ

ဒဂုန်ရွှေမျှား

600 Kyats ကျပ်
အမေရိကန် စာရေးဆရာကြီး ဂျွန်စတိန်းဘတ်ရဲ့ ကမ္ဘာကျော် ဂန္ထဝင်ဝတ္ထုကြီးတစ်ပုဒ်ဖြစ်တဲ့ The Pearl ကို ဆရာဒဂုန်ရွှေမျှား မြန်မာဘာသာ ပြန်ဆိုထားတဲ့ ‘ဂြိုဟ်မွှေတဲ့ ပုလဲ’ ။ ဒီစာအုပ်ကို ဘယ်လောက်အထိ စာချစ်သူတွေ စွဲမက်ခဲ့ကြသလဲ ဆိုရင် နိုင်ငံတကာက ဘာသာအမျိုးမျိုးနဲ့ ပြန်ဆိုခဲ့ကြသလို မြန်မာနိုင်ငံမှာဆိုရင် စာရေးဆရာ သုံးဦးစလုံးက သူ့နည်းသူ့ဟန်နဲ့ ပြန်ဆိုထုတ်ဝေခဲ့ကြပြီး သုံးမျိုးစလုံးကိုလည်း စာဖတ်သူတွေ အကြိုက်တွေ့ခဲ့ပါတယ်။ ဆရာဒဂုန်ရွှေမျှားက ‘ဂြိုဟ်မွှေတဲ့ပုလဲ’ အမည်နဲ့ ပြန်ဆိုခဲ့သလို၊ ဆရာထင်လင်းက ‘ပုလဲတေးသံ’ အမည်နဲ့ ပြန်ဆိုခဲ့သလို၊ ဆရာသန်းဆွေကတော့ ‘ပုလဲ’ ဆိုတဲ့ နာမည်နဲ့ မြန်မာဘာသာ ပြန်ဆိုခဲ့ပါတယ်။ ပင်လယ်မှာ ရေငုပ်ရှာဖွေပြီး အသက်မွေးကြတဲ့ မိသားစုတစ်စု၊ ကမ္ဘာ့အကြီးဆုံး ပုလဲလုံးကြီးတစ်လုံးကို ရလာပြီးနောက်မှာ စာမတတ် ပေမတတ် အဲဒီမိသားစုလေးရဲ့ ကံကြမ္မာဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲရပါတော့တယ်။ ပုလဲပွဲစားတွေ၊ လူညစ်ပတ်တွေ၊ ဝိသမသား လောဘသားတွေရဲ့ အန္တရာယ်ပေးမှုတွေကို ဒီအောက်ခြေလူတန်းစား မိသားစု ဘယ်လို ရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်စားစရာ ရေးဖွဲ့ထားတဲ့ ဂန္ထဝင်ဝတ္ထုကြီးတစ်ပုဒ်မို့ စာချစ်သူတို့ လက်လွတ်မခံစတမ်း ဖတ်သင့်တဲ့ စာအုပ်ပါပဲခင်ဗျ။
ဒဂုန်ရွှေမျှား ရေးသားသော စာအုပ်များ
  • ရော်ဘင်ဆင်ကရူးဆိုး
    800 Ks
  • ကမ္ဗလာနီအောက်ဝယ်
    800 Ks
  • ဘဝမုန်တိုင်း နှင်းမုန်တိုင်း
    800 Ks
  • သံခေါင်းစွပ်မင်းသား
    800 Ks
  • မနှင်းဆီနှင့် ထူးဆန်းသောအချစ်ဝတ္ထုများ
    800 Ks
  • ကြောင်မျက်ရှင်နှင့် အခြားဝတ္ထုတိုများ
    800 Ks
'လျှို့ဝှက်ဆန်းကြယ် ပရလောက ဇာတ်လမ်းများ' စာအုပ် အမျိုးအစားများ
  • ကျောက်မျက်လုံးတစ္ဆေ
    600 Ks
  • အောင်မြတ်သာနှင့် လောင်မီးကျိန်စာ
    200 Ks
  • သေမင်းခေါ်တဲ့လမ်း
    600 Ks
  • မတောင်းပန်နဲ့ ဗြောင်းဆန်အောင် ခြောက်မယ်
    600 Ks
  • ထူးဆန်းသောပုတီးတစ်ကုံးနှင့် အံ့ဖွယ်ဖြစ်ရပ်ဆန်းများ
    600 Ks
  • သုံးပေါက်ချွန်း
    600 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ