သိုင်းနတ်ဘုရား အသူရာ (စာစဉ်-၁)

စိုးဝင်းထိုက်

အခမဲ့
" ငါ ဘယ်သူလဲ ဟုတ်လား... လောကရဲ့ သက်ရှိအားလုံးက ငါ့ကို 'အသူရာ' လို့ သိကြပေမဲ့ ငါက အဲဒီကိစ္စလောက်ကို ခေါင်းထဲ မထားဘူး။ ဒီလိုနဲ့ပဲ ငါဟာ 'အသူရာ' ဆိုတဲ့ သိုင်းနတ်ဘုရားအဖြစ် ပေါ်ထွန်းလာခဲ့တယ်' ဒီစာစဉ်ဟာ စလာကတည်းက စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတဲ့စာစဉ်ပါ...။ နည်းနည်း ပြောပြရရင်... သူ့နာမည်က ချူဖုန်း။ သူဟာ ချူမိသားစုရဲ့ မွေးစားသား၊ မိသားစုအတွင်း ဘေးဖယ်ခံထားရသူ၊ ငယ်စဉ်ကတည်းက အနိုင်ကျင့်ခံခဲ့ရသူ၊ ချူမိသားစု ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့သူ။ လက်ရှိ သူဟာ မိုးပြာနဂါးကျောင်းရဲ့ အပြင်ဆောင်တပည့်တွေထဲက တစ်ဦး။ စိတ်ဝိညာဉ်နယ်ပယ် အဆင့်သုံးကို မတက်နိုင်သေးတာကြောင့် အနှိမ်ခံနေရပြီး အတွင်းဆောင်ကို ရောက်ရှိဖို့ ကြိုးစားနေသူ။ ဘယ်လိုပဲ အနှိမ်ခံ အပြောခံရပါစေ သူဟာ တကယ်ကို အေးအေးဆေးဆေးနဲ့ တည်ငြိမ်နိုင်လွန်းသူပါ။ ပထမ အစက သူ့ကို လျှပ်စီးတန်းတစ်ခု ရိုက်ခတ်ခဲ့တာကြောင့် သိုင်းလေ့ကျင့်ရာမှာ တိုးတက်မှုနှုန်း အင်မတန်မြန်ခဲ့ပေမဲ့ သိပ်မကြာခင်ကာလမှာ ပြောင်းလဲမှုတစ်ခုက သူ့ရဲ့တိုးတက်မှုတွေကို ရပ်တန့်စေပြီး ရှေ့မဆက်နိုင်ရုံသာမက ပါရမီအညံ့ဖျင်းဆုံးလူအဖြစ် တံဆိပ်ကပ်ခံလိုက်ရတော့တာပါပဲ။ ဒါပေမဲ့ သူဟာ တကယ်ကို စိတ်ရှည်လက်ရှည်နဲ့ အခက်အခဲတွေကို ကျော်ဖြတ်ခဲ့ပါတယ်။ သူ့ရဲ့တိုးတက်မှုတွေကို ရပ်တန့်စေခဲ့တာက ချူဖုန်းရဲ့ စွမ်းအင်ဗဟိုချက် အနက်ပိုင်းမှာရှိနေတဲ့ ထူးဆန်းတဲ့ လျှပ်စီးအစိုင်အခဲတစ်ခုပါ။ အဲဒီအစိုင်အခဲဟာ ချူဖုန်းစုစည်းသမျှ စိတ်ဝိညာဉ်စွမ်းအင်တွေကို ဝါးမျိုပစ်လိုက်လို့ပါပဲ။ နောက်ဆုံးမှာတော့ စွမ်းအင်ဗဟိုချက်ကို စိတ်စွမ်းအင် အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ပြီးတဲ့နောက် သူဟာ အောင်မြင်မှုလမ်းစကို စပြီး လျှောက်လှမ်းနိုင်ခဲ့ပါတယ်။ ငါးနှစ်ကြာ အခက်အခဲတွေ၊ အနှိမ်ခံရမှုတွေကို သည်းခံပြီး အောင်မြင်မှုလမ်းစကို စပြီးလျှောက်လှမ်းမယ့် သူ့ရဲ့ ပထမဆုံးခြေလှမ်းကတော့ အတွင်းဆောင် တပည့်အဖြစ်ကို ရရှိဖို့ပါပဲ...။ ဒီလိုအစပြုခဲ့တဲ့ ချူဖုန်းဟာ အတွင်းဆောင်တပည့် ဖြစ်လာပါ့မလား? လျှပ်စီးဟာ ချုဖုန်းကို ဘာဖြစ်လို့ ရိုက်ခတ်ခဲ့တာလဲ? သူဟာ အနှိမ်ခံရမှုတွေအတွက် လက်စားပြန်ချေနိုင်မှာလား? ဇာတ်လမ်းဟာ နောက်ပိုင်းမှာ ဘယ်လိုကြမ်းရမ်းလာမလဲ? ဘယ်လိုကျင့်ကြံခြင်းတွေနဲ့ ရောင်းရင်းတို့ကို ဆွဲဆောင်သွားမလဲ? ဆိုတာကတော့.... စာစဉ်ထဲမှာ ရှာဖွေကြည့်လိုက်ကြတော့နော်...!
စိုးဝင်းထိုက် ရေးသားသော စာအုပ်များ
  • သိုင်းနတ်ဘုရား အသူရာ (စာစဉ်-၃၀)
    Free
  • သိုင်းနတ်ဘုရား အသူရာ (စာစဉ်-၇၁)
    400 Ks
  • သိုင်းနတ်ဘုရား အသူရာ (စာစဉ်-၇၉)
    400 Ks
  • သိုင်းနတ်ဘုရား အသူရာ (စာစဉ်-၁၈)
    Free
  • သိုင်းနတ်ဘုရား အသူရာ (စာစဉ်- ၅၀)
    400 Ks
  • သိုင်းနတ်ဘုရား အသူရာ (စာစဉ်-၇၄)
    400 Ks
'အွန်လိုင်းစာပေ' စာအုပ် အမျိုးအစားများ
  • သိုင်းလောကရဲ့ ဒဏ္ဍာရီ (စာစဉ်-၉)
    500 Ks
  • သတ်ဖြတ်သူ ဂူမာစတာ (စာစဉ်-၁၁)
    Free
  • ပန်းနုရောင်မောင့်နှုတ်ခမ်း
    500 Ks
  • ကောင်းကျိုးမပေးသော သမီးပျို (စာစဉ်-၄၈)
    200 Ks
  • ချစ်ရသော (အပိုင်း-၁၀)
    Free
  • နတ်ဘုရားတို့လျှောက်သောလမ်း (စာစဉ်-၃၁)
    500 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ