သုံးလွန်းတင်
ခင်ခင်ထူး
1000 Kyats ကျပ်
ဆရာမ ခင်ခင်ထူးရဲ့ လက်ရာကောင်း ဝတ္ထုလတ်တွေဖြစ်တဲ့ မင်္ဂလာလှည်း၊ သဒိုး၊ ကပ္ပိယ ဆိုတဲ့ ဝတ္ထုလတ်သုံးပုဒ်ကို စုစည်းထားတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ပါဝင်တဲ့ မင်္ဂလာလှည်း ဝတ္ထုလတ်ကတော့ ဆရာမခင်ခင်ထူးအနေနဲ့ ပထမဦးဆုံး ရေးသားခဲ့တဲ့ ဝတ္ထုလတ် ဖြစ်သလို ဆရာစိုးဘားဒိုင်နဲ့ တွဲဖက်လို့လည်း ဓူဝံစာပေကနေ ထွက်ရှိခဲ့ဖူးပါတယ်။
မင်္ဂလာလှည်း ဝတ္ထုလတ်ဟာ ဆရာမရဲ့ မောင်တစ်ဦး ကိုယ်တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို အခြေခံလို့ အညာဒေသနောက်ခံနဲ့ ရေးဖွဲ့ထားတဲ့ လက်ရာတစ်ပုဒ်ပါ။ သဒိုး ဝတ္ထုကတော့ ကျွဲ၊ နွား၊ တိရစ္ဆာန်တွေကို သတ်ပေးရတဲ့ သားထိုးသမား ဒိုးကလေးဆိုသူအကြောင်းကို ရေးဖွဲ့ထားတာဖြစ်ပြီး ကပ္ပိယ ဝတ္ထုမှာတော့ မြန်မာဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ကပ္ပိယအဖြစ် ရပ်တည်ရှင်သန်ခဲ့တဲ့ စံလှဘော်ဆိုတဲ့ လူတစ်ယောက်အကြောင်း ရေးဖွဲ့ထားပါတယ်။ ဝတ္ထုလတ် တစ်ပုဒ်စီတိုင်းက စာဖတ်သူရဲ့ ရင်ထဲမှာ စွဲကျန်နေစေမယ့် ရသတစ်မျိုးစီကို ပေးနိုင်စွမ်း ရှိနေတယ်ဆိုတာ အထူးပြောဖို့ မလိုတော့ပါဘူး။
ခင်ခင်ထူး ရေးသားသော စာအုပ်များ
'ပင်ကိုရေး ရသဝတ္ထုများ' စာအုပ် အမျိုးအစားများ
-
လှိုင်းလေကြားက ပန်းရွှေကြာ
600 Ks
-
ထာဝရမိုးကောင်းကင်
600 Ks
-
ဒဏ်မနာသောအချစ်
900 Ks
-
ရင်မှတစ်ရှိုက်
900 Ks
-
ဂျီဟောသူ
1000 Ks
-
တမ်းတတတ်သည်
1000 Ks
Prev
Next