မအိမ်ကံ
ခင်ခင်ထူး
1000 Kyats ကျပ်
ရွှေအမြုတေ မဂ္ဂဇင်းမှာ (၃၆) လတိုင်တိုင် အခန်းဆက်ဝတ္ထုရှည်အဖြစ် ဖော်ပြခဲ့တဲ့ ဝတ္ထုရှည်၊ ခင်ခင်ထူးလို့ ပြောလိုက်တာနဲ့ မအိမ်ကံဝတ္ထုကို ပြေးမြင်ရလောက်အောင် ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ လက်ရာကောင်း၊ ဘယ်နှစ်ကြိမ်ဖတ်ဖတ် ရိုးသွားတယ်လို့ မရှိအောင် ဆွဲဆောင်မှုကောင်းလှတဲ့ စာအုပ်ဖြစ်တဲ့ ဆရာမခင်ခင်ထူးရဲ့ အကောင်းတကာ့ အကောင်းဆုံးလက်ရာ မအိမ်ကံ အမည်ရ လုံးချင်းဝတ္ထုရှည်ကြီး ဖြစ်ပါတယ်။
မအိမ်ကံရဲ့ ဘဝ အနိမ့်အမြင့် အတက်အကျ၊ ပျော်စရာ၊ ကြည်နူးစရာ၊ ရင်ခုန်စရာ၊ ဆင်ခြင်စရာ၊ သံဝေဂယူစရာ၊ ဝမ်းနည်းကြေကွဲစရာ ဘဝဖြစ်ရပ် အဖုံဖုံကို ဖတ်ရှုနေရင်းတင်မက စာအုပ်ဖတ်ပြီးသွားတောင်မှ တသသ ခံစားလို့ ရင်ထဲက ဖယ်ထုတ်ရခက်လှတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဖတ်နေရင်းကလည်း ပြုံးရ၊ ပီတိဖြစ်ရ၊ ရင်မောရ၊ မွန်းကြပ်ရ၊ နာကျင်ရ … စတဲ့ ခံစားမှု ဝေဒနာများစွာ၊ ရသများစွာနဲ့ မအိမ်ကံရဲ့ ဇာတ်လမ်းထဲ စီးမျောနေရမှာ အသေအချာပါ။
မြင်သူငေးရအောင် လှတဲ့ မအိမ်ကံ၊ ဘဝမှာ မရှိဘူးဆိုတဲ့စကား မကြားဖူးအောင် ပြည့်စုံလှတဲ့ မအိမ်ကံ၊ အလှကော ဓနပါ ပြည့်စုံပေမယ့် မိဘနှစ်ပါးရဲ့ အားနည်းချက်ကြောင့် ဖက်စိမ်းကွမ်းတောင်ကိုင်ဘဝကို စွန့်လွှတ်ခဲ့ရတဲ့ မအိမ်ကံ၊ သားကိုသခင် လင်ကိုဘုရား သဘောထားနဲ့ မယားတာဝန် ကျေပြွန်လှပေမယ့် လင်ယောက်ျားရဲ့ အစွန့်ပစ်ခံဘဝနဲ့ မအိမ်ကံ၊ သမီးဖြစ်သူကို ဖက်စိမ်းကွမ်းတောင်ကိုင်ဘဝ ရစေဖို့ မျှော်လင့်ချက်ကြီးခဲ့ပေမယ့် ကွမ်းတောင်ကိုင်အဖြစ် ရွေးချယ်ခံရပြီးမှ လင်နောက်လိုက်သွားတဲ့ သမီးကြောင့် အိပ်မက်တွေ ပျက်စီးခဲ့ရတဲ့ မအိမ်ကံ။
မြန်မာအမျိုးသမီးတိုင်း ဖတ်ရှုလေ့လာထိုက်တဲ့ မြန်မာ့ကျေးလက်ဒေသ သဘာဝ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှု အငွေ့အသက်တွေနဲ့ လူ့စရိုက် လူ့သဘာဝ၊ ပုထုဇဉ်တွေရဲ့ စိတ်သန္တန်က အစွဲ၊ စတဲ့ ရသအဖုံဖုံကို ခံစားကြရမယ့် … ဆရာမ ခင်ခင်ထူးရဲ့ လက်ရာမွန် မအိမ်ကံ။
ခင်ခင်ထူး ရေးသားသော စာအုပ်များ
'ပင်ကိုရေး ရသဝတ္ထုများ' စာအုပ် အမျိုးအစားများ