မှော်ပလ္လင် (ပထမပိုင်း)

ကကြိုးသျှင်

1500 Kyats ကျပ်
[ တောနက်နက်ထဲက သာမန်လူမမြင်တွေ့နိုင်သော လျှို့ဝှက်ဂူထဲမှာ ဆယ့်ခြောက်နှစ်တိုင်တိုင် ချုပ်နှောင်ခံထားရသောသူမ … ဆယ့်ခြောက်နှစ်လုံးလုံး လူသူတစ်ဦးတစ်ယောက်ကိုမှ မတွေ့မမြင်ဖူးသောသူမ … လူတစ်ယောက်ကြောင့် သူမ ရှိနေသည့် ဂူတံခါးပွင့်သွားသောအခါ ] >> အစကတော့ ဒီဝတ္ထုကို ဆရာမကကြိုးသျှင်၊ အရင်က ရေးခဲ့ဖူးသလိုမျိုး အချစ်ရသဝတ္ထုလို့ပဲ ထင်ထားတာ။ ဒါပေမဲ့၊ စလည်းဖတ်လိုက်ရော ထင်ထားတာနဲ့ တက်တက်စင်အောင်ကို လွဲတော့တာပဲ။ ရေးနေကြမဟုတ်တဲ့ ဇာတ်လမ်း၊ Surprise ဖြစ်သွားစေမယ့် အမျိုးအစား ! ဂမ္ဘီရဆန်တဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ၊ ထူးခြားတဲ့ ဇာတ်ကောင်တွေနဲ့ ဖန်တီးထားတဲ့ ရသဝတ္ထုအသစ် ! “ကဆုန်လကွယ်နေ့ ညနေလေးချက်တီး ရိုးမရွာတစ်ရွာလုံး ပျက်လိမ့်မယ်” တဲ့။ အဲဒီရွာတည်ရှိနေတာကလည်း နေရောင်တစ်စက်တောင်မမြင်ရတဲ့ အမှောင်တောနားမှာ။ တောတွေ၊ တောင်တွေ ဝန်းရံထားတဲ့ ရွာ ! အဲဒီရွာကို ကယ်တင်မယ့်သူက အမှောင်တောရဲ့ အပြင်ဘက်မှာ တရားအားထုတ်တဲ့ ရသေ့ကြီးရဲ့ မွေးစားသား - စကြာဆိုတဲ့ ကောင်လေး။ မကောင်းဆိုးရွားတွေ၊ နွယ်ရှင်တွေ၊ ထူးထူးဆန်ဆန်းအရာတွေ အများကြီးရှိနေတဲ့ တောကိုဖြတ်ပြီး ရိုးမရွာကို သူ ဘယ်လိုသွားမှာလဲ ? ကြောက်ရွံ့ထိတ်လန့်စရာ တဘောင်အောက်က ရိုးမရွာကို စကြာ ဘယ်လိုကယ်တင်မှာလဲ ? အဲဒီမှာတင် တော်တော်စိတ်ဝင်စားဖို့ ကောင်းနေပြီ !! >> နောက်ပြီး ... အမှောင်တောထဲမှာ ဖမ်းချုပ်ခံထားရတဲ့ စန်ဒရာ၊ စန်ဒရာ တစာစာအော်ခေါ်နေတဲ့ တထွာ၊ ဂမ္ဘီရဆန်တဲ့ စကြာ၊ ထူးဆန်းတဲ့ဘီလူး၊ ရိုးမရွာထဲက နေပြင်း။ ပြီးတော့ ... မပန်းမြတ်၊ ဦးရင်ကျော်၊ ငရဲ ... သူတို့အပြင် အခြား စိတ်ဝင်စားစရာ ဇာတ်ကောင်တွေ အများကြီးနဲ့ ဖတ်ရတာ အရမ်းအားရဖို့ကောင်းတယ်။ ရွာကိုအင်းကွက်နဲ့ စည်းတား,ထားတာတွေ၊ နှလုံးခွဲပြီး ဝိညာဉ်အပ်တာတွေလိုမျိုး မှော်ဆန်တဲ့ ကိစ္စတွေလည်း မြင်ရတယ်။ ဖတ်ရတာ လုံးဝ amazing ! ဇာတ်ကောင်တွေရော ဇာတ်လမ်းကရော အကြီးကြီးပဲဆိုတော့ ဖတ်ရတာ ရှယ်ပဲ။ MRTV - 4 မှာလည်း ဇာတ်လမ်းတွဲ လွှင့်နေပြီဆိုတော့ ဝတ္ထုလည်း ဖတ်ထားလိုက်တော့နော် !
ကကြိုးသျှင် ရေးသားသော စာအုပ်များ
  • ဦးချစ်သည်း
    1000 Ks
  • သူ့နေခြည်ကြောင့်နွေးပါသည် …
    1000 Ks
  • မှော်ပလ္လင် (ပထမပိုင်း)
    1500 Ks
'အချစ်၊ အလွမ်း ရသဝတ္ထုများ' စာအုပ် အမျိုးအစားများ
  • မှီ
    700 Ks
  • ချုပ်ညနေ၏ အိပ်မက်ပန်းချီ
    800 Ks
  • ဣတ္ထိယပျို့
    800 Ks
  • သူ့ဆိုသူ့ကိုအချစ်ပို
    800 Ks
  • အတူတူငိုဖူးတဲ့သူ
    800 Ks
  • ပန်းကလေးရဲ့ပန်းတိုင်
    700 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ