ဥယျာဉ်ထဲက ပန်းတစ်ပွင့်

နိုင်းနိုင်းစနေ

1000 Kyats ကျပ်
'ကံကောင်းခြင်းအပင်ဆီက မျိုးစေ့လေးတစ်စေ့ ကြွေကျလာတယ်။ မင်းနဲ့အနီးစပ်ဆုံးနေရာမှာ အဲဒီမျိုးစေ့ကိုကျဲခဲ့တယ်။ ကံကောင်းခြင်းတွေနဲ့မင်း နီးစပ်နိုင်ပါစေ' တဲ့။ ဆရာမ နိုင်းနိုင်းစနေရဲ့ 'ဥယျာဉ်ထဲက ပန်းတစ်ပွင့်' စာအုပ်လေးက စာဖတ်သူတွေအတွက် ထိထိရှရှ ခံစားရမယ့် ဝတ္ထုတိုလေးတွေကို စုစည်းထားတဲ့ စာအုပ်လေးပါ။ ချစ်သူတွေအကြောင်း၊ ချစ်သူတွေရဲ့ ချစ်ခြင်းတွေအကြောင်း၊ ချစ်ခြင်းရဲ့ ပြင်းထန်လောင်မြိုက်စရာ သောကတွေအကြောင်း၊ လွမ်းဆွတ်ရခြင်းနဲ့ ချစ်မေတ္တာရဲ့ နူးညံ့သိမ်မွေ့မှုတွေအကြောင်းကို ရင်ထဲ လှိုက်လှိုက်မြည့်မြည့် ခံစားကြရမယ့် ဝတ္ထုတိုလေးတွေ ဖြစ်ပါတယ်။