ခရုအိမ်

မြပုလဲခင်

800 Kyats ကျပ်
...လူတိုင်းမှာ နာမည်တစ်ခုစီတော့ အနည်းဆုံး ရှိကြတယ်မဟုတ်လား။ ဒါပေမဲ့ သူ့မှာ နာမည် မရှိဘူး။ ရှိချင်လည်း ရှိခဲ့မှာ ဖြစ်ပေမဲ့ သူ့နာမည် ဘာဆိုတာ သူ မမှတ်မိဘူး။ စဉ်းစားမရဘူး။ သူ့အဖေ လို့ ပြောတဲ့ ဦးအောင်ချိန်ဆိုတဲ့ လူကတော့ သူ့နာမည် နောင်ဘွားလို့ ပြောတယ်။ ပြီးတော့ သူ ပြန်လာချိန်ကို စောင့်မျှော်နေတဲ့ သူ့အဘွားရှိရာ အိမ်ကြီးဆီ သူ့ကို ခေါ်သွားခဲ့တယ်။ သူ့အဖေ၊ သူ့အိမ်၊ သူ့အခန်း၊ သူ့အဘွား … ဘာကိုမှ သူ မမှတ်မိဘူး။ သူဟာ နောင်ဘွား ဟုတ်သလား၊ မဟုတ်ဘူးလား ဆိုတာလည်း သူ စဉ်းစားမရဘူး။ ဒီလိုနဲ့ ငွေသောင်ယံဆိုတဲ့ ပင်လယ်ကမ်းခြေက ရွာကြီးတစ်ရွာက အိမ်ကြီးဆီ ရောက်လာခဲ့တဲ့ နောင်ဘွားတစ်ယောက် သူ့ရဲ့ ငယ်သူငယ်ချင်းလို့ ပြောတဲ့ ဝတ်ရည်လွှာနဲ့ ထပ်ဆုံရပြန်တယ်။ ဇာတ်လမ်းအစကတည်းက ဘာဆက်ဖြစ်မလဲ၊ ဘာကြောင့်လဲ၊ ဘယ်လိုများလဲ … စတဲ့ လားပေါင်းများစွာနဲ့ စိတ်ဝင်စားစရာ အပြည့်။ စာဖတ်သူကို အစကနေ အဆုံးတိုင် ဆွဲဆောင်ခေါ်ယူသွားမယ့် ဆရာမ မြပုလဲခင်ရဲ့ ဝတ္ထုရှည်ကြီးတစ်ပုဒ်မို့ အားလုံး ဖတ်ကြည့်ကြပါဦးလို့။