ဖေဖေ့ကို မုန်းမိခဲ့လို့

နွေရွက်လွှာ

အခမဲ့
...‘မလိုဘူး...။ သမီး ဘဝ တက်လမ်း သမီးဘာသာ ရှာမယ်။ သမီး ဖေဖေနဲ့ မနေချင်တော့ဘူး...’ ‘ဘယ်လို...’ ‘သမီး ဖေဖေနဲ့ မနေတော့ဘူး။ ဖေဖေ့ကြောင့် ... မေမေ သေရတာ။ ကြာရင် မေမေ့လို သမီး ဖြစ်သွားလိမ့်မယ်။ ဖေဖေ့ကို မုန်းတယ်’ ဖေဖေ့ ပါးပြင်ပေါ် မျက်ရည်တွေ တစ်လှိမ့်ချင်း စီးကျလာသည်။ ကျွန်မကို သိမ်ငယ်တဲ့ မျက်လုံးတွေနဲ့ ကြည့်ရင်း ... နှုတ်ခမ်းကို ကျေနပ်စွာ မဲ့လိုက်ပြီး ... ‘ဖေဖေ အပြစ်တွေကြောင့် မေမေ သေရတာ။ မေမေ့ကို ဖေဖေ သတ်လိုက်တာ’ လို့ အနာပေါ် တုတ်ကျအောင် တမင်သက်သက်...နာနာကျည်းကျည်း ထပ်ပြောပစ်လိုက်သည်။ ‘မဟုတ်ဘူး ... သမီးရယ်...’ …. ။