တိမ်စင်လရဲ့ အလှဝိညာဉ်ကဗျာများ

မြေလတ်မောင်မြင့်သူ

1000 Kyats ကျပ်
ဆရာမြေလတ်မောင်မြင့်သူဟာ ဒီဘက်ခေတ်မှာ ရှားရှားပါးပါးကျန်တဲ့ ကဗျာမျိုးဆက်တစ်ဦးလို့ ပြောရမှာပါ။ ဆရာဟာ သူ့ကိုယ်ပိုင်ဟန်နဲ့ ရောယှက်ထားတဲ့ မြန်မာကဗျာအဖွဲ့ကို ဆုပ်ကိုင်ကာ သူ့ရင်ထဲက ကဗျာဝိညာဉ်ကို အခုအချိန်အထိ လှုပ်နိုး နေတုန်းပါပဲ။ အခု “တိမ်စင်လှရဲ့ အလှဝိညာဉ်ကဗျာ” မှာလည်း ဒီအချက်ကို ထင်ထင်ရှားရှား တွေ့နေရဆဲပါ။ ဒါ့အပြင် ကဗျာစာရဲ့ အမည်လေးအတိုင်းပါပဲ။ ကဗျာတစ်ပုဒ်ချင်းစီတိုင်းဟာ အတွင်းဝိညာဉ်ရဲ့ ကြည်မြသန့်စင်ခြင်းကို ရေးဖွဲ့ထားတာမို့ ကြည်ကြည်နူးနူးလေးနဲ့ ကဗျာရဲ့ဗေဒကို ခံစားနိုင်မှာပါ။ တချို့ကဗျာတွေဟာ အတွင်းစိတ်သဏ္ဌာန် ငြိမ်းအေးခြင်း၊ တချို့ကဗျာတွေဟာ အတွင်းစိတ်သဏ္ဌာန် တက်ကြွလှုပ်ခတ်ခြင်းတွေနဲ့ ကဗျာဝိညာဉ်ကို ဖမ်းဆုပ်ထားတာမို့ ဆရာ့ရဲ့ “သန္တသုခ” ဆိုတဲ့ ကဗျာနောက်ဆုံးပါဒထဲက “နေ့စဉ်ကျိုသို့၊ မေတ္တာပို့ရင်း၊ ပို့သည့်မေတ္တာ၊ စေတနာကြောင့်၊ ရင်မှာငြိမ်းချမ်း၊ ပီတိဖျန်းလျက်၊ ရွှင်လန်းတက်ကြွ၊ စိတ်ကြင်မြသည်” ဆိုတဲ့ အလှဝိညာဉ်များကို အက္ခရာအတွဲအစပ်တွေထဲမှာ ရှာဖွေတွေ့ရှိနိုင်ကြပါစေကြောင်း … ။