သံယောဇဉ်ချည်နှောင်တင်းပါမှ နှင့် သုတရသဝတ္ထုတိုများ

အောင်ကျော်ဆွေ(သန်လျင်)

500 Kyats ကျပ်
ဝတ္ထုတိုကောင်းတစ်ပုဒ်ကို ဖတ်လိုက်ရတဲ့ အရသာက လက်ဖက်ခြောက်ကောင်းကောင်း ခတ်ထားတဲ့ ရေနွေးပူပူလေးတစ်ခွက်ကို ဆောင်းမနက်ခင်း စောစောစီးစီးမှာ သောက်လိုက်ရသလို ပါပဲ။ အရသာ ထူးတယ်ဗျ။ နောက်တစ်ခွက် နောက်တစ်ခွက် ထပ်သောက်လိုက်ရရင်တော့ အတိုင်းထက်အလွန်ပေါ့။ အခုလည်း ဆရာအောင်ကျော်ဆွေ (သန်လျင်) ရဲ့ ဝတ္ထုတို စုစည်းမှု စာအုပ်လေးက အဲဒီအရသာနဲ့ ခပ်ဆင်ဆင်ပဲခင်ဗျ။ ဝတ္ထုတိုလေးတွေ တစ်ပုဒ်ဖတ်လိုက်တိုင်း ဆောင်းတွင်းမှာ ရေနွေးသောက်လို့ အချမ်းပြေသွားသလို စာချစ်သူတို့ ရင်ထဲက သုတ၊ ရသ ခံစားမှု အာသီသတွေ ပြေပျောက်သွားမှာ သေချာတယ်။ တစ်ပုဒ်ချင်းစီက သူ့အရသာနဲ့သူ။ ရသတစ်မျိုးစီ၊ သုတတစ်မျိုးစီနဲ့ ထူးထူးကဲကဲ အရသာတွေ ပေးထားတာကတော့ စာရေးသူရဲ့ စေတနာလို့ ဆိုရမှာပါပဲ။ လွန်လွန်ကဲကဲ ညွှန်းတယ်လို့တော့ မထင်ပါနဲ့ဗျ။ မယုံရင် ဖတ်ကြည့်ပါ။ ပြောတဲ့အတိုင်း အဟုတ်ပါပဲလားဆိုတာ လက်ခံသွားနိုင်မှာပါ။