လမ်းဘေး MBA

အောင်စည်သာ(မြန်မာပြန်)

600 Kyats ကျပ်
စီးပွားရေး ဆွေးနွေးပွဲတစ်ခုအပြီး လမ်းဘေး ဖိနပ်ဆိုင်လေးထဲ ဝင်ကြည့်မိခဲ့တဲ့ စီးပွားရေး ပါမောက္ခသုံးယောက်ဟာ လုပ်ငန်းကြီးတွေအကြောင်းသာ ဥပမာတွေ များနေတဲ့ သူတို့ရဲ့ MBA သင်ခန်းစာတွေကို ဖြည့်စွက်ဖို့အတွက်၊ သေးငယ်ပေမဲ့ အောင်မြင်နေတဲ့ လုပ်ငန်းတွေဆီ လေ့လာရေး ခရီးထွက်ခဲ့ကြပါတယ်။ သူတို့ မြင်တွေ့ရတဲ့ လုပ်ငန်းသေးသေးလေးတွေဆီမှာလည်း အံ့အားသင့်စရာ စိန်ခေါ်မှုတွေနဲ့ မယုံနိုင်စရာ နည်းဗျူဟာတွေ ရှိကြောင်း သူတို့ သိခဲ့ရပါတယ်။ ဒီခရီးလမ်းတစ်လျှောက် သူတို့ ရရှိခဲ့တဲ့ အသိပညာ၊ ဗဟုသုတတွေကို စုစည်းလိုက်တဲ့အခါ သူတို့အတွက် လမ်းဘေးက ပေးတဲ့ MBA အသစ် ဖြစ်ခဲ့ပါတယ်။ အဲဒီ လမ်းဘေးက ရတဲ့ MBA ကို တကယ့် လုပ်ငန်းကြီးတွေရဲ့ ဥပမာတွေနဲ့ ဖွဲ့စည်းတည်ဆောက်လိုက်တဲ့အခါ … ‘လမ်းဘေး MBA’ ဆိုတဲ့ ဒီစာအုပ် ဖြစ်လာပြီး စီးပွားရေး လုပ်ငန်းတွေအတွက် အကျိုးရှိစေမယ့် အကြောင်းအရာတွေ ပေါင်းစပ်ထားတဲ့ ပညာရပ်တစ်ခု ဖြစ်လာပါတော့တယ်။