လူသားစားသော မိန်းမ

အောင်(ရှမ်းမြောက်)

200 Kyats ကျပ်
ည .... ၁နာရီလောက်ဆို အားလုံးကအိပ်မောကြနေကျလေပြီ။ ထိုစဉ် ... အိမ်အပေါ်ထပ်သို့ ညာဘက်လက်၌ ပုဆိန်ကိုင် ဘယ်ဘက်လက်၌ မီးခွက်ကိုင်ကာ ခြေသံတဒုတ်ဒုတ်နှင့် အဒေါ်ကြီးတစ်ယောက် တက်လာလေသည်။ ထို့နောက် ခြေဖွဖွနင်းကာ လျှောက်လာခဲ့ပြီး ပထမအခန်းသို့ ရောက်စဉ်၊ တံခါးကိုဖွင့်ပြီး တစ်ချက်ကြည့်လိုက်သည်။ အထဲမှာတော့ အိပ်မောကျလို့ပေါ့၊ ကျော်မြင့်နဲ့ သိန်းဇော် ဖြစ်လေသည်။ ထို့နောက် အဒေါ်ကြီးက တံခါးကို ပြန်ပိတ်လိုက်သည်။ နောက်တစ်ခန်း ဖွင့်ကြည့်ပြန်သည်။ ပြီးလျှင် ပြန်ပိတ်လိုက်သည်။ အိမ်တံခါးတွေက တော်တော်ဆွေးနေ၏။ ကလန့်လည်း မရှိချေ။ ထို့နောက် အဒေါ်ကြီးက နောက်ဆုံးအခန်းကို ပြန်ဖွင့်လိုက်သည်။ ... ။