သွေးခဲ

ရောင်နီသက်လွင်

200 Kyats ကျပ်
မောင်ဦးက ကိုးတန်းကျောင်းသားလေးပါ။ အိမ်မှာ မိဘတွေအပြင် ဦးလေးတွေ၊ အဒေါ်တွေပါ ရှိတော့ မောင်ဦး ကျောင်းသွားရင် အားလုံးက မုန့်ဖိုးတွေ ပေးကြ၊ အားလုံးရဲ့ ဝိုင်းအချစ်ခံဘဝပေါ့။ ဒါပေမဲ့ အားလပ်ချိန်တွေဆို အိမ်ရဲ့ လက်တိုလက်တောင်း ခိုင်းတာတွေလည်း လုပ်ပေးရတယ်။ မောင်ဦးက လိမ္မာတဲ့ ကလေးတစ်ယောက်ဆိုတော့ လူကြီးတွေ ဘာခိုင်းခိုင်း မငြင်းဘူး။ တချို့ကိစ္စတွေကျတော့ မောင်ဦး မလုပ်ချင်ဘဲ လုပ်ရတာတွေ ရှိတယ်။ မောင်ဦးအမေရဲ့ ညီမ၊ အန်တီပြုံးက ကြက်တွေ၊ ဘဲတွေ ဝယ်လာပြီးရင် မောင်ဦးကို သတ်ခိုင်းတာ။ လည်လှီးခိုင်းတာပေါ့။ အဲဒီနေ့ကလည်း မန်ဒါလီဘဲနှစ်ကောင်ကို အန်တီပြုံး ဝယ်လာတယ်။ မောင်ဦးလည်း ဘဲအော်သံ တဂတ်ဂတ်ကြားတာနဲ့ ဘာလုပ်ရမယ်ဆိုတာ ရိပ်မိတယ်။ ရေနွေးအိုး ပြေးတည်ပြီး လည်လှီးဖို့ ဓားကို ယူပြီး ငရုပ်ကျည်ပွေ့နဲ့ တရွှမ်းရွှမ်း သွေးလိုက်တယ်။ ဒီအချိန်မှာပဲ အလှည့်အပြောင်းတစ်ခုက ရုတ်တရက် ဖြစ်ပေါ်လာပါတော့တယ်။ အဲဒါကတော့ …