ကျွန်တော့်ရဲ့သခင်

ရောင်နီသက်လွင်

200 Kyats ကျပ်
သာယာမှုမရှိတော့တဲ့ အိမ်ထောင်တစ်ခုရဲ့ နိစ္စဒူဝထဲ ကျင်လည်ဖြတ်သန်းနေချိန်မှာ သာယာမှု၊ ရင်ခုန်မှုကို ပေးနိုင်သူတစ်ယောက် ပေါ်လာတဲ့အခါ သူ့အပေါ် ယစ်မူးသွားတတ်တဲ့ လူတွေရဲ့ စိတ်သဘောကို ဒီဝတ္ထုမှာ ဖော်ကျူးထားပါတယ်။ ငြီးငွေ့စရာ အိမ်ထောင်ရေးဝပ်ကျင်းထဲ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ သားနှစ်ယောက်အဖေ အိမ်ထောင်သည်အမျိုးသားဦး။ နေ့စဉ် ဖြတ်သန်းနေရတဲ့ သမားရိုးကျ ဘဝရက်စွဲတွေထဲ ငိုက်မြည်းနေတဲ့ သူ့ဘဝထဲ သခင် ဆိုတဲ့ ချွဲတတ်၊ နွဲ့တတ်၊ ဂရုစိုက်တတ်၊ ကြင်နာတတ်တဲ့ အရိပ်အငွေ့တွေရှိတဲ့ မိန်းကလေးငယ်တစ်ဦး ဝင်လာတဲ့အခါ မိသားစုနဲ့ ရင်ခုန်မှုကြား၊ သူ ဘယ်လို ဗျာများမလဲ။ သူ့အတွက် ဘယ်အရာက အမှန်တရား ဖြစ်ပြီး ဘယ်အရာက ထွက်ပေါက်ဖြစ်မလဲ။ သူ ဘယ်လို ရွေးချယ်မလဲ။