အိန္ဒိယပုံပြင်များ

မောင်ခေတ်ထွန်း

700 Kyats ကျပ်
ဒီစာအုပ်ဟာ အိပ်ရာဝင်ပုံပြင်ကောင်းတွေဖြစ်သလို၊ စာဖတ်တတ်စ ကလေးငယ်တွေအတွက်လည်း မိမိတို့ဘာသာ မိမိတို့ ဝေါဟာရနဲ့စာပေသင်ကြားလေ့လာမှုကို အထောက်အကူပြုစေမယ့် စာအုပ်ကောင်းတစ်အုပ်ပါ။ ပုံပြင်တွေဆိုတာဟာ လူတွေရဲ့ ငယ်ဘဝကို လွှမ်းမိုးထားတဲ့ သင်ခန်းစာတွေပါ။ အဲဒီလွှမ်းမိုးမှုဟာ ကြီးပြင်းလာတဲ့ အခါ အသိစိတ်ထဲမှာ အရိပ်လို ကိန်းအောင်းနေတတ်ပြီး ဘဝအတွက် အထောက်အကူဖြစ်တဲ့ လမ်းညွှန်ပြသမှုကို ရရှိစေပါတယ်။ ဒီစာအုပ်မှာလည်း အဓိကအားဖြင့် ပုံပြင်တွေကပေးတဲ့ သင်ခန်းစာတွေဟာ ကလေးငယ်တွေအတွက် ကြီးပြင်းအချိန်အထိ အရိပ်လိုမိုးကာ သွန်သင်ညွှန်ပြမှုကို ရရှိစေမှာပါ။