ငါတို့ တက္ကသိုလ်နေ့များ ငါတို့ တက္ကသိုလ်ညများ

မောင်ကိုကို(အမရပူရ)

600 Kyats ကျပ်
...ဆရာမောင်ကိုကို (အမရပူရ) ရေးသားထားတဲ့ တက္ကသိုလ်နောက်ခံ ဘဝမှတ်တမ်း တစ်စိတ်တစ်ပိုင်းကို ရသဝတ္ထုရှည်အသွင် ဖန်တီးထားတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီစာအုပ်မှာ အညာဒေသ (အမရပူရ) ရွာလေးတစ်ရွာက ဆယ်တန်းအောင်ပြီးတဲ့ လူငယ်တစ်ဦး၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကို ရောက်လာခဲ့တဲ့ ကျောင်းသားဘဝ အတွေ့အကြုံ၊ တက္ကသိုလ်နယ်မြေမှာ ဆုံတွေ့ခဲ့တဲ့ အမျိုးသမီးများ၊ လူငယ်ဘဝ စမ်းသပ်ဆဲကာလ ရင်ခုန်သံ၊ အဖြစ်အပျက်၊ အသိအတွေးတွေနဲ့အတူ တက္ကသိုလ်ကျောင်းသားဘဝ အနုပညာထိတွေ့မှု၊ နိုင်ငံရေး အခြေအနေတွေနဲ့ ရက်ယှက်ရေးဖွဲ့ထားပါတယ်။ ရန်ကုန် စီးပွားရေးတက္ကသိုလ် နောက်ခံ ဆိုပေမဲ့ … ယနေ့ခေတ် အခြေအနေနဲ့ ကာလကို အခြေတည်ထားတာ မဟုတ်ဘဲ (၁၉၇၀) နဲ့ (၁၉၇၅) ခုနှစ်များအကြား၊ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေး အဓိကရုဏ်းတွေ၊ အဲဒီကာလ တက္ကသိုလ်ကျောင်းသားဘဝ ကာလတွေကို ရင်တသိမ့်သိမ့် စိတ်လှုပ်ရှားဖွယ် ခံစားဖတ်ရှုကြရမယ့် ရသဝတ္ထုကောင်းတစ်ပုဒ် ဖြစ်ပါတယ်။