သဏၭာန္မဲ့ ၾကယ္ကေလး

ဒေးဗစ်မောင်မောင်

800 Kyats ကျပ်
စာအုပ်တစ်အုပ်ကောင်းရင် လက်ကမချတမ်း၊ မျက်တောင်မခတ်တမ်း ဖတ်မိသွားတတ်ပါတယ်။ ဒီစာအုပ်ကတော့ အဲဒီလိုမဟုတ်ဘူးဗျ။ စာအုပ်ထဲမှာပါတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖတ်ပြီးသွားရင် စာအုပ်ကိုလက်ကတစ်ခါ ချရတယ်။ ဘာလို့လဲဆိုတော့ တစ်ပုဒ်ဖတ်ပြီး တစ်ခါတွေးရလို့ပဲ။ LGBT တွေအကြောင်း အကောင်းဆုံး ရေးဖွဲ့ပြောပြထားတယ်။ သူ့ဝတ္ထုလေးတွေကိုဖတ်ရင် LGBT တဲ့ပတ်သက်ပြီးတော့ အရင်ကထက် ပိုပြီးနားလည်မှုတွေ ရှိလာမှာဖြစ်သလို ကိုယ်ချင်းစာ ခံစားတတ်သွားမှာလည်း ဖြစ်ပါတယ်။ လူအသိုင်းအဝိုင်းမှာ အထင်အမြင်လွဲနေတဲ့အရာတွေကို ပွင့်ပွင့်လင်းလင်း ပြောပြထားတယ်။ အရမ်းဖတ်လို့ကောင်းတဲ့ LGBT ဝတ္ထုတိုတွေကို စုစည်းထားတာမို့ ဖတ်ကြည့်စေချင်ပါတယ်။