စိတ်ပညာအထွေထွေဆောင်းပါးများ ပေါင်းချုပ်

ဒေါက်တာကျော်စိန်

600 Kyats ကျပ်
စိတ်ပညာရပ်နဲ့ ပတ်သက်လာရင် အတော်များများက နားလည်မှုအားနည်းကြပါတယ်။ ဒီဘာသာရပ်ကို စိတ်ဝင်စားတဲ့ လူနည်းစုလောက်ပဲ သင်ဖြစ်ကြတာကိုး။ အခုနောက်ပိုင်းမှာတော့ စိတ်ပညာရပ်နဲ့ စိတ်ရဲ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး knowledge sharing တွေ လေ့လာစရာ စာအုပ်တွေ ရှိလာတော့ စိတ်ပညာကို တီးမိခေါက်မိ ရှိလာကြပါပြီ။ ပညာရေးနယ်ပယ်ပြင်ပမှာလည်း ပညာရှင်တွေက ဆောင်းပါးတွေရေးပြီး ဗဟုသုတတွေဝေမျှနေကြပါတယ်။ ဒီစာအုပ်ကတော့ စိတ်ပညာ Psychology အကြောင်း လေ့လာလိုသူတွေ၊ စိတ်ပညာရပ်နဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင်သိချင်သူတွေ ဖတ်သင့်တဲ့ ဒေါက်တာကျော်စိန်ရဲ့ ဆောင်းပါးတွေကို စုစည်းထားတာပါ။