စိန်ခေါ်ကြသူများ

ကျော်ဝင်း

1000 Kyats ကျပ်
စာပေဝန်းကျင် ပညာလောကမှာ ဆရာကျော်ဝင်းဟာ ထိပ်ဆုံးကရှိနေတဲ့သူ တစ်ယောက်ပါ။ သူ့ရဲ့ ဦးနှောက်မုန်တိုင်းဆင်ခြင်းလို၊ ကမ္ဘာပြားပြီလို စာအုပ်တွေဟာ ကျွန်တော်တို့ လူငယ်အဝန်းအ၀ိုင်းကိုသာမက ပညာလောကကိုပါ ကိုင်လှုပ်ခဲ့တဲ့ စာအုပ်တွေပဲဖြစ်ပါတယ်။ ကမ္ဘာပြားကျော်ဝင်းလို့တောင် စာပေလောကနဲ့ ပညာလောက က နာမဝိသေသန တပ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အခုဆရာကျော်ဝင်းရဲ့ စာအုပ်ကတော့ ဆရာ့ရဲ့ ထုံးစံအတိုင်း စကားလုံးအသစ်အဆန်းတွေနဲ့ ရစ်ဖွဲ့ပြီး သပ်ရပ်စွာ ဖွဲ့ဆိုထားတဲ့ ခေတ်တွေကို ဖြတ်သန်းတဲ့အခါ လူငယ်တွေရဲ့ တိမ်းညွတ်မှုကို ဖော်ပြထားချက်များ ဖြစ်ပါတယ်။ စတိုင်သစ် မဂ္ဂဇင်းမှာ ပင်တိုင်ရေးခဲ့တဲ့ ဆောင်းပါးတွေကို ပြန်စုစည်းထားတဲ့ စာအုပ်ပါ အကြောင်းအရာတွေဟာ ကျွန်တော်တို့ လူငယ် တွေအတွက် စိတ်ညွတ်နူးမှုနဲ့ ရပ်တည်မှုတွေကို ကွဲကွဲပြားပြားလေ့လာနိုင်မှာ ဖြစ်သလို၊ တို့တွေ ဘာလုပ်ရမလဲဆိုတဲ့ အဖြေ ကိုလည်း ပေးနိုင်ပါလိမ့်မယ်။ ဒါ့အပြင် လူငယ်တွေနဲ့ ပညာတို့ မျက်နှာမူတူရှုချက်ကိုလည်း မြင်ကွင်းကျယ်အဖြစ် မြင်ရမှာပါ။