လီကွမ်းယူ၏ အတွေးအခေါ်

ဦးတင်ဦး (ကျူရှင်)

600 Kyats ကျပ်
တံငါရွာလေးတစ်ရွာကနေ ယနေ့ကမ္ဘာမှာ ထင်ရှားတဲ့ မြို့နိုင်ငံလေးအဖြစ် ရပ်တည်လာနိုင်တဲ့ စင်္ကာပူနိုင်ငံရဲ့ ဖြတ်သန်းမှု အဆင့်ဆင့်မှာ စိတ်ဝင်စားဖွယ်ရာ၊ လေ့လာဆည်းပူးစရာတွေကို အများကြီးပါ။ ဒီအထဲမှာ စင်္ကာပူ ပြုပြင်ပြောင်းလဲတိုးတက်ရေးဖခင်ကြီး လီကွမ်းယူထံကနေ သင်ယူစရာတွေဟာ ကျွန်တော်တို့ ယနေ့ခေတ်လူသားတွေအတွက် အများကြီး ရှိနေပါတယ်။ ဒီစာအုပ်ဟာ ၁၉၅၅ ခုနှစ်လောက်ကနေစပြီး ၂၀၁၀ ခုနှစ်လောက်အထိ ကာလရှည်ကြာ လီကွမ်းယူပြောခဲ့တဲ့ မိန့်ခွန်းတွေထဲက ကောက်နှုတ်ချက်တွေကို ပြုစုထားတာဖြစ်ပါတယ်။ ဒီနေ့ စင်္ကာပူ ဘာကြောင့် အခုလိုတိုးတက်နေတာလဲ ဆိုတာကို လီကွမ်းယူရဲ့ မိန့်ခွန်းကောက်နှုတ်ချက်တွေကနေ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို စင်္ကာပူထက်သာ အောင်လုပ်မယ်လို့ ကြွေးကြော်နေကြတဲ့ ယနေ့အချိန်မှာ မြန်မာနိုင်ငံသားတွေဟာ လီကွမ်းယူရဲ့ အတွေးအခေါ်တွေကနေ တဆင့် စင်္ကာပူကို တွေ့ရှိကြပါလိမ့်မယ်။