ယောက္ခမနှင့် တစ်ထောင့်တစ်ည

အကြည်တော်

1000 Kyats ကျပ်
ဒီစာအုပ်က ယောက္ခမရှိသူတွေဆီကနေ ဆရာကိုယ်တိုင် ကွင်းဆင်း လေ့လာပြီး ရေးသားထားတဲ့ စာအုပ်။ ဆရာက ဇာတ်လမ်းကို အသေအချာ အတိအကျ ကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရေးနိုင်စွမ်းရှိတဲ့ ကလောင်ရှင်တစ်ဦးဆိုတော့ ဒီစာအုပ်ထဲမှာ ယောက္ခမတိုင်းနီးပါး မဟုတ်ပေမယ့် ယောက္ခမတော်တော်များများရဲ့ ပြုမူပြောဆိုတတ်ပုံတွေကို အနီးစပ်ဆုံးဖြစ်အောင် ဟာသဖွဲ့ပြီး ရေးသားပုံဖော်ထားပါတယ်။ ဒါ့အပြင် နောင်တစ်ချိန်မှာ ယောက္ခမရှိလာမယ့်သူတွေရော လက်ရှိမှာ ယောက္ခမရှိသေးသူတွေရောအနေနဲ့ပါ မသိမဖြစ် ဆောင်ရန်ရှောင်ရန် ယောက္ခမဆိုင်ရာ ဆက်ဆံရေးနည်းနာတွေကို ပြောပြထားပါ့ဗျာ။