တောသားကြီး

အကြည်တော်

1000 Kyats ကျပ်
စာအုပ်နာမည်က တောသားကြီးဆိုတဲ့အတိုင်းပဲ ဒီစာအုပ်ထဲမှာ မြို့သားကြီးအကြောင်း သိပ်မပါပါဘူး။ ရှင်းသွားရောမှတ်လား။ စတာပါ... စာအုပ်က အစမှာတင်ရယ်နေရတာ။ ဆရာအကြည်တော်လို့ ငယ်ငယ်တုန်းက ဘယ်လောက်အထိ ကလေးပီပီရိုးသလဲဆိုရင် စနိုးတာဝါကြီးကို မုန့်အထင်နဲ့။ ဒါတင်ပဲလား ဆိုတော့ မဟုတ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ သူများထန်းတောထဲက ထန်းရည်တွေခိုးသောက်။ ပိုင်ရှင်ကဒေါသပုံထနဲ့ ... ဒါကို သူကပျော်နေတာ။ နောက်ဆုံး ပိုင်ရှင်ကပေါက်ကွဲပြီး ထန်းကျည်တောက်ထဲ ပဒိုင်းသီးတွေ ထည့်ထားတာကိုမသိဘဲ သွားခိုးသောက်လိုက်တယ်။ ပြီးမှ တစ်ရက်လောက် ရူးသွားတာရှိသေးတယ်။ စာအုပ်ဖတ်ရင်း ခွီရတာ အူတွေပါနာတယ်။ တစ်ခုတော့ သတိပေးလိုက်ပါရစေ။ ဖတ်နေရင်း ဘာမှမစားမသောက်ပါနဲ့။ ရယ်ရလွန်းလို့ ဘာမှစားနိုင်မှာ မဟုတ်ပါဘူး။