ဘွာတေး ... ဘွာတေး

အကြည်တော်

1000 Kyats ကျပ်
သိကြတဲ့အတိုင်းပဲ။ အကြည်တော်ဆိုတဲ့ ကိုယ်တွေဆရာသမား .. စောင့်မျှော်ဖတ်ရှုရတဲ့ စာရေးဆရာ။ မရေးရင်လည်း မရေးဘူး။ ရေးရင်းလည်း အရှင်း .. စက္ကူဖြူအလွတ်ကြီးပဲ။ (အဟဲ … နောက်တာပါ) အင်း … ရေးရင်လည်း အရှင်း။ သူရေးတဲ့ ဝတ္ထု ပထမဆုံးစာမျက်နှာကနေ ဟိုနောက်ဆုံးရောက်တဲ့အထိ လက်ကမချနိုင် တော့ဘူးလေ။ အဲဒါကြောင့်မို့ တချို့တွေဆို ဝတ္ထုစဖတ်ကတည်း အိမ်သာထဲသွားဖတ်တာ။ ဟုတ်တယ်လေ။ ဖတ်နေရင်း ဟိုဒင်းချင်ရင် ထစရာမလိုတော့ဘူးပေါ့။ တစ်ခါတည်း ဝတ္ထုလည်းဖတ် ကိစ္စလည်းပြတ်ကရော။ အခုလည်း လုပ်ပုံကကြည့်။ မြန်မာပြည်မှာ ဆိုးလွန်းလို့ မိဘတွေ ရှိစဉ်ကတည်းက နိုင်ငံခြားပို့ထားတဲ့ လူမိုက်ကြီး။ နိုင်ငံခြား ရောက်တော့လည်း ဂျပန်ယာကူဇာဂိုဏ်းက ဂိုဏ်းချုပ်ကတောင် သဘောကျလွန်းလို့ ဂိုဏ်းစတားရာထူးပေးပြီး လက်သပ် မွေးထားရတာ။ အဲဒီလူမိုက်ကြီးက မိဘတွေမရှိတော့တဲ့အခါ တစ်ဦးတည်းသော ညီမလေးကျန်ခဲ့တဲ့ မြန်မာပြည်ကို ပြန်လာတယ်။ မြန်မာပြည်မှာလည်း လူမိုက်ကြီးရဲ့ တပည့်တွေက နိုင်ငံခြားက ဖုန်းနဲ့ လှမ်းခိုင်းတာမျိုးကိုတောင် လူမမြင်ရဘဲ အကြိမ်ကြိမ်ဦးညွှတ်နာခံကြတဲ့ အထိ မီးသေသပေါ့။ ညီမလေးမှာကလည်း ချစ်သူတစ်ယောက်ရှိတယ်။ ရဲမင်းတဲ့။ မဟုတ်မခံ ဇတ်ဇတ်ကြဲလေးပေါ့။ အကိုပြန်လာတော့မယ် ဆိုတော့ ကြောက်ကြောက်နဲ့ သူတို့တွေ ခိုးပြေးဖို့ စီစဉ်ကြပါလေရော။ မကြောက်လို့လည်း မရဘူးလေ။ အကိုမရှိခင်ကတောင် အကို့တပည့်လူမိုက်တွေက သွားလေရာ တကောက်ကောက်လိုက်နေတာ။ အကိုလုပ်သူကလည်း ပြန်ရောက်တာနဲ့ ညီမချစ်သူကို ရင်ကိုခွဲ အူကိုထုတ်မယ် ကျိန်းနေသကိုး။ သို့ကလိုနဲ့ ညီမလေးကို ကြားထား အကိုလူမိုက်ကြီးနဲ့ ချစ်သူ မဟုတ်မခံတို့ကြား ဘာတွေဖြစ်ကြမယ် မှတ်သလဲ။ သိကြတဲ့ အတိုင်းပဲနော်။ ဆရာအကြည်တော်တို့က မရေးရင်း မရေးဘူး။ ရေးရင်းလည်း အရှင်းဆိုတာ။ ဒီတော့ ပရိတ်သတ်ကြီးလည်း ဖုန်းလေးထဲက ဝန်ဇင်းစာအုပ်ကိုဖွင့် အိမ်သာထဲသာ အမြန်ဝင်ကြတော့ပေါ့။