လောကအားလုံးရဲ့ သခင် စာစဉ် - ၁

ဟိန်းထက်(နီယန်)

အခမဲ့
နီဟန်အန်းရဲ့ မျက်လုံးမှာ မျက်ရည်တွေ ပြည့်နေတယ်။နီထောင်က ခဏကြာတဲ့အထိ တိတ်ဆိတ်နေပြီး “ငါနားလည်ပြီ သွားတော့ နီယန်လေးကို မနက်ဖြန် စွမ်းအင် ရွေးပွဲကို တက်ဖို့ ခေါ်ခဲ့”နီဟန်အန်းရဲ့ မျက်လုံးဟာ မျက်ရည်တွေနဲ့ ပြည့်နေသော်လည်း သူမ ဦးညွှတ်ပြီး ထွက်မသွားခင်ထိ ပျော်ရွှင် သွားပုံ ရတယ်။ သူမ အခန်းထဲက ထွက်သွားတာနဲ့ နီထောင်က စွမ်းအင် ပြန်လည် ဖြည့်တင်းတဲ့ ဆေးလုံးကို စားလိုက်တဲ့ အသံ ကြားလိုက် ရပါတယ်။ သူမ သက်ပြင်း အရှည်ကြီး ချလိုက်မိတယ်။ နီဟန်အန်းရဲ့ နှလုံးသားမှာ အလွန် နာကျင်စွာ ခံစား နေရတယ်။ သူမ ရောက်သွားတာက နီထောင်ရဲ့ ဆုံးဖြတ်ချက်ကို ပိုပြီး ခိုင်မာအောင် လုပ်ပေး လိုက်သလိုပဲ။ သူမ ဘာမှ မစဉ်းစားတော့ပဲ မြန်နိုင်သမျှ မြန်အောင် ထွက်သွား လိုက်ပါတယ်။