ကြ်န္မက မေဟသီ

သျှင်မ

900 Kyats ကျပ်
“ယောက်ျားဆိုတာ အကြံနဲ့ ဉာဏ်နဲ့မှ အိမ်ထောင်ဦးစီး ယောက်ျားကောင်းလို့ ခေါ်တာ။ တစ်ခုဆိုတစ်ခုပဲ လုပ်တတ်တဲ့ ယောက်ျား။ အဲ့တစ်ခု ပြုတ်သွားရင် ဘာသွားသုံးစားမှာလဲ။ မိန်းမချောကို လာမဆွပေးနဲ့။ မပြောတတ်လို့ မဟုတ်ဘူး။ မပြောချင်လို့ နေတာ …” ဆိုတဲ့ မိန်းမချော။“မောင်က ချောတယ်။ ပြောဆိုသွားလာတဲ့ ဟန်ပန်အမူအရာတွေကအစ ဆွဲဆောင်မှုရှိတဲ့ ယောက်ျား။ မောင့်ကို သူဋ္ဌေးကြီးအဖြစ်နဲ့ ဘယ်လိုလုပ် စိတ်ချမှာလဲ …” ဆိုတဲ့ စံမြန်း။ မင်းမျိုးနွယ်ဆိုတာ ချမ်းသာတဲ့ သမာဓိစံအိမ်ရဲ့ အမွေခံမျိုးဆက်။ သူတို့အသိုင်းအဝိုင်းက ချမ်းသာမှုနဲ့အတူ ဂုဏ်ပကာသနကလည်း မောက်မာတယ်။ ချစ်သူ ‘စံမြန်း’ ကို ချစ်လွန်းတဲ့စိတ်နဲ့ သူ့အသိုင်းအဝိုင်းကို စွန့်ခွာပြီး ချစ်သူနဲ့အတူ ဘဝသစ် တည်ထောင်တယ်။ ဒါပေမဲ့ သားအပေါ်ချစ်တဲ့ မေတ္တာကြောင့် ကိုယ် မနှစ်သက်တဲ့ ဝန်းကျင်တဲ့ ပြန်တိုးဝင်ဖို့ ချစ်ရတဲ့ ဇနီးနဲ့သားကို ခဏခွဲခွာပြီး အိမ်အပြန်ခရီး တစ်ယောက်တည်း ထွက်လာခဲ့ရတယ်။ ဒီခရီးမှာ ယောက်ျားကိုပစ်ပြီး သားတစ်ယောက်ကို လက်ဆွဲထွက်လာတဲ့ မိန်းမချောနဲ့ ကားတစ်စီးထဲ စီးဖြစ်ကြတာပဲ။ ကားပေါ်မှာ သူ့အကြောင်း ကိုယ့်အကြောင်း စကားစမြည် ပြောရင်း လမ်းခရီးမှာ မထင်မှတ်ဘဲ ကားအက်ဆီးဒင့် ဖြစ်သွားတဲ့နောက်မှာတော့ …