မှော်ဖူဖောင်းတစ်လုံး ဝယ်ခဲ့သူ

သူဝေး

750 Kyats ကျပ်
သာမန် ကျောင်းသားဇာတ်လမ်း အချစ်ဝတ္ထုလို့ အစက ထင်မိတာပဲ။ ဒါပေမဲ့ မဟုတ်ခဲ့ဘူး။ ဆယ်တန်းကျောင်းသူဘဝမှာ ဝိုင်းဝိုင်းလည်နေတဲ့ ‘ပန်ရွယ်ဆုလာဘ်’ ၊ အ,အမလေးလို့ ထင်ရအောင်ကို စကားနည်းနည်း အပေါင်းအသင်းမရှိရှာပဲ မျက်နှာဖြူဖြူ ဝိုင်းဝိုင်းနဲ့ Introvert ဆန်ဆန် ကောင်မလေးတစ်ယောက် … ပြီးတော့ အဓိကဇာတ်ကောင် ‘သွေးခန့်’ ။ ဂိမ်းတစ်ခုအတွက် မဲပေါက်သူ (အချင်းချင်းတောင် မသိကြတဲ့) လူငါးယောက်ပါတဲ့ အဖွဲ့က လေ့လာရေး ခရီးသည်တွေနဲ့အတူ ကားတစ်စီးနဲ့ မြို့တစ်မြို့ကို သွားရမယ်။ သတ်မှတ်ထားတဲ့ မြို့ရောက်တဲ့အခါ အဲ့ဒီ လူငါးယောက်ထဲက တစ်ယောက်က ထွက်ပြေးရမယ်။ ကျန်တဲ့လေးယောက်က ထွက်ပြေးတဲ့သူကို သိအောင်လုပ်ပြီး ရအောင် ဖမ်းနိုင်မယ် ဆိုရင် ဆုကြေးငွေက သိန်းသုံးရာ။ အဲ့ဒီဂိမ်းနာမည်က ‘blind-game’ တဲ့။ အဲ့ဒီ ဂိမ်းရဲ့ ထွက်ပြေးရမယ့်သူက ‘သွေးခန့်’ ။ ဆယ်တန်းကျောင်းသားဘဝနဲ့ လုပ်ငန်းခွင်ထဲက လူငယ်ဘဝကို တစ်လှည့်စီရေးပြရင်း အချိတ်အဆက်မိမိနဲ့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ လျှို့ဝှက်ဆန်းကြယ်တွေကို ချပြထားတဲ့ ဒီဝတ္ထုကို အားလုံးကြိုက်မှာ သေချာပါတယ်။