ဈာပနရှင်းတမ်း

သိုးဆောင်း

1000 Kyats ကျပ်
လောကကြီးထဲမှာ ကြည်နူးဖွယ်ကောင်းတဲ့ အကြောင်းအရာတွေ ရှိသလို ထိတ်လန့် တုန်လှုပ်ဖွယ်ကောင်းတဲ့ အကြောင်းအရာတွေလည်း ရှိကြပါတယ်။ ဒီအကြောင်းအရာတွေဟာ လောကအနှံ့အပြားမှာ အချိန်နဲ့အမျှ ဖြစ်နေကြပေမယ့် အဆက်အစပ်မဲ့တဲ့ အခါမျိုးမှာတော့ လူတွေဟာ သိရှိနိုင်ခြင်း မရှိကြပါဘူး။ ကိုယ်နဲ့ ထိပ်တိုက် ဆက်စပ်ကြုံတွေ့လာတဲ့ အခါမှာတော့ … သိုးဆောင်းရဲ့ “ဈာပနာရှင်းတမ်း” ထဲမှာလည်း ဒီသဘောတရားကို တွေ့ရမှာပါ။ နေရာမတူတဲ့ တစ်နေရာဆီမှာ အချိန်မတူဖြစ်ပေါ်ခဲ့တဲ့ လူသတ်မှုတွေ၊ ပြီးတော့ ရွှေဘုံပေါ်မှာ စံနေရတယ်လို့ အများတကာ မြင်နိုင်ကြပေမယ့် အထီးကျန် ဆန်မှုနဲ့အတူ ဘဝရဲ့ဆိုးဝါးမှုတွေကို ကြုံတွေ့နေရတဲ့ မိန်းကလေးတစ်ယောက်။ ဇာတ်လမ်းခပ်ဆန်းဆန်းတွေကို ပေးတတ်တဲ့ သိုးဆောင်းရဲ့ဝတ္ထုတွေ အတိုင်းပဲ၊ ဒီဇာတ်လမ်းမှာလည်း စာဖတ်သူတို့အတွက် ဆန်းကြယ်မှုတွေကို ရှာဖွေ တွေ့နိုင်ကြမှာပါ။