အချစ်ထက်ပိုသော အမုန်း

သဉ်ဇာမိုးဦး

600 Kyats ကျပ်
မဟာဘဏ်ဆိုတာ မြန်မာပြည်အနှံ့ ဘဏ်ခွဲပေါင်းများစွာ ဖွင့်ထားပြီး အအောင်မြင်ဆုံး ဘဏ်တစ်ခု။ မဟာဘဏ်ရဲ့ ပိုင်ရှင် ဦးနေအောင်ဆိုတာ မြန်မာ့ထိပ်တန်း လူချမ်းသာစာရင်းဝင် သူဌေးကြီးပါပဲ။ ဦးနေအောင်ရဲ့ တစ်ဦးတည်းသောသား နေမခ ဆိုတာက သူဌေးသား လူချောပီပီ မာနခပ်ကြီးကြီး၊ ဘယ်မိန်းကလေးနဲ့မှ ပတ်သက်ဆက်ဆံမှု မရှိသူ။ မိုးပွင့်ဖြူဆိုတဲ့ ကောင်မလေးကတော့ ရိုးရိုးအေးအေး၊ ကိုယ့်ဘဝ ကိုယ်နားလည်တဲ့ တက္ကသိုလ်ကျောင်းသူတစ်ဦး။ ဖြူစင်တဲ့ မိုးပွင့်ဖြူကို နေမခက အကြောင်းမဲ့ မုန်းတီးနေသတဲ့။ သူ မုန်းတဲ့အကြောင်းကိုလည်း မိုးပွင့်ဖြူသိအောင် မျက်နှာချင်းဆိုင် ပြောခဲ့တယ်။ တစ်ကျောင်းတည်း အတူတက်နေတဲ့ ကျောင်းသူကျောင်းသားအချင်းချင်း အကြောင်းမဲ့ မုန်းတီးနေတဲ့ နောက်ကွယ်မှာ ဘယ်လို အဖြစ်အပျက်တွေ ရှိနေမလဲ၊ ဘယ်လို နောက်ကြောင်းခံ ဇာတ်လမ်းတွေ ရှိနေမလဲ ဆိုတာတော့ စိတ်ဝင်စားစရာ။ အမုန်းနဲ့ စခဲ့တဲ့ ဒီဇာတ်လမ်းလေးဟာ ဘယ်လို အဆုံးသတ်မလဲ ဆိုတာကတော့ … ။