မဟာရာဇဝင်ကြီးဋီကာ

သစ်ဆိမ့်ဆရာတော်ဘုရား

600 Kyats ကျပ်
ဋီကာကို မြန်မာစာပေအဘိဓာန်က “အကျယ်ဖွင့်ဆိုပြသောကျမ်း” လို့ ဖွင့်ဆိုပါတယ်။ မူလကတော့ ပါဠိ၊ အဋ္ဌကထာ အဖွင့်ကျမ်းများကို ဋီကာလို့ ခေါ်တွင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ မည်သည့် အကြောင်းရာကိုဖြစ်စေ အကျယ်ဖွင့်ဆိုသော ကျမ်း ဟူသမျှကို ဋီကာလို့ ခေါ်ခဲ့ကြပါတယ်။ မြန်မာစာဖတ်ပရိတ်သတ်အတွက် တရင်းတနှီးရှိလှတဲ့ ဋီကာကတော့ ဆရာကြီးသခင် ကိုယ်တော်မှိုင်းရဲ့ ခေတ်အကြောင်းအရာတွေကို အခြေခံရေးဖွဲ့ထားတဲ့ ဋီကာတွေ ဖြစ်ပါတယ်။ သစ်ဆိမ့်ဆရာတော်ဘုရားကြီးဟာ မြန်မာစာပေမှာ နေတစ်ဆူလတစ်ဆူလို့ ကျော်ကြားထင်ရှားတော်မှုတဲ့ ရဟန်းပညာရှိ ဆရာတော်မထေရ်မြတ်ကြီးတစ်ပါးပါ။ မဟာရာဇဝင်ကြီးဆိုတာလည်း မြန်မာစာပေမှာ ထင်ရှားတဲ့ အမည်နာမပါ။ ဒါပေမယ့် အခုဆရာတော်ကြီး ဋီကာဖွင့်တဲ့ မဟာရာဇဝင်ကြီးက ဦးကုလားရေး - မဟာရာဇဝင်ကြီး မဟုတ်ပါဘူး။ ညောင်ကန် ဆရာတော်ဘုရားကြီးရဲ့ ပါဋ္ဌ်သွား ပါဋ္ဌ်လာတွေနဲ့ ဂါထာစီးကုံး အကျဉ်းရုံးထားတဲ့ မဟာရာဇဝင်ကြီးကို နှောင်းလူတို့ ဉာဏ်ဖြင့် ယှဉ်ကာ လွယ်ကူသိစေသော်ငှာ ပြန်လည်ဋီကာဖွင့် စီရင်ရေးသားထားခြင်းပဲ ဖြစ်ပါတယ်။ မဟာသမ္မတမင်းမှအစ မြန်မာ့နန်း ရိုးထီးစိုး မင်းဆက်အပေါင်းတို့အကြောင်းကို စေ့ငုံစွာ ရှင်းပြထားတဲ့ ဋီကာမို့ အလွန်ကိုဗဟုသုတ တိုးရုံမက စာပေသဘောတရား ကြွယ်ဝနက်ရှိုင်းလှတာကြောင့် ပညာပါတိုးစေမယ့် ပညာရွှေအိုးဋီကာကြီးသာ ဖြစ်ကြောင်းပါပဲ။