မြန်မာစာပေရေးစီးကြောင်း

သခင်အောင်ဖေ

600 Kyats ကျပ်
မြန်မာစာပေရေစီးကြောင်း ဆိုတဲ့ ဒီဆောင်းပါးတွေဟာ စာရေးသူ သခင်အောင်ဖေ မကွယ်လွန်မီက မိုးဂျာနယ်ရဲ့ ‘ပြောလိုသည်မှာ’ ကဏ္ဍအတွက် အခန်းဆက် ရေးသားခဲ့တဲ့ မြန်မာစာပေဆိုင်ရာ ဆောင်းပါးတွေ ဖြစ်ပါတယ်။ မြန်မာစာပေမှာ အဓိက ခက်မနှစ်ခု ဖြစ်တဲ့ ကဗျာနဲ့ စကားပြေဟာ မြန်မာစာ စတင်ဖြစ်ထွန်းတဲ့ ခေတ်ဦးကနေ စပြီး ယနေ့ထိတိုင် ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် ခေတ်အလိုက် အတက်အကျ အနိမ့်အမြင့် ရှိခဲ့ပါတယ်။ ပုဂံခေတ်မှာ အစပျိုးလို့ မပီကလာ ပီကလာ အခြေအနေဖြစ်ခဲ့တဲ့ မြန်မာစာပေဟာ အင်းဝခေတ်မှာတော့ အရွယ်ရောက်စပြု အလှသွေးကြွယ်နေခဲ့ပြီး သူ့ကျွန်ခေတ်မှာတော့ ကဗျာရော စကားပြေပါ ရှေ့တန်းကို အပြိုင်တက်နေကြရာကနေ (၁၉၃၀) နောက်ပိုင်းကနေစလို့ စကားပြေဟာ ကဗျာထက် ပိုမိုဦးမော့ခဲ့ပါတယ်။ ဒီလို ခေတ်အမျိုးမျိုး ဖြတ်သန်းခဲ့တဲ့ မြန်မာစာပေရဲ့ အလှကတော့ ဒီကနေ့မှာ ဝင့်ဝင့်ထည်ထည် ဖြစ်ခဲ့ပါပြီ။ ဒီလို ခေတ်အဆက်ဆက် မြန်မာစာပေရဲ့ ရေစီးကြောင်းကို စာပေဝါသနာပါသူတွေအနေနဲ့ ထဲထဲဝင်ဝင် သိနားလည်ဖို့ ဒီစာအုပ်က မဖတ်မဖြစ် ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါပဲ။