ခြံအမှတ်ကိုး

သက်မင်းဂျူလိုင်

600 Kyats ကျပ်
ပဲခူးရိုးမတောင်ခြေမှာရှိတဲ့ မြို့ဟောင်းမြို့ပျက်ကြီးရဲ့ လပြည့်ညတစ်ညမှာ အဝတ်နက်ခြုံ၊ တောင်ဝှေးကောက်ကောက်ကြီးကိုင်လို့ နားမခံသာတဲ့ အသံနက်ကြီးနဲ့ အဆက်မပြတ် အော်ဟစ်နေတဲ့ အရိပ်မည်းသဏ္ဌာန်။ ရိုးမတောင်ခြေရွာမှာ နေထိုင်ကြတဲ့ ဒေါ်ရုပ်ဆိုးနဲ့ ဇင်ယော်မတို့ သားအမိ။ ‘မရှိခိုးနိုး၊ မလှစုန်းမျိုး’ ဆိုတဲ့စကားအတိုင်း စစ်ဘေးကြောင့် ခြေတစ်ဖက်မသန်၊ ရုပ်ဆိုး အကျည်းတန်လှတဲ့ ဒေါ်အိမ်စည်ဟာ ဒေါ်ရုပ်ဆိုးဆိုတဲ့ နာမည်အသစ်နဲ့ စုန်းမကြီးလို့ အခေါ်ခံရတယ်။ ဒီလိုနဲ့၊ လူတွေရဲ့ ရှောင်ဖယ်ခံဘဝနဲ့ နေထိုင်ရင်း၊ လူတွေသတ်မှတ်တဲ့အတိုင်း စုန်းမကြီးအဖြစ် ခံယူလိုက်တော့တယ်။ သူတို့သားအမိ နေထိုင်ရာ ခြံအမှတ်ကိုးကတော့ လူတိုင်း ကြောက်ရွံ့ပြီး မုန်းတီးနေကြတဲ့ နေရာတစ်ခု။ စုန်းမကြီး ဒေါ်ရုပ်ဆိုး အကျည်းတန်သလောက် သမီးဖြစ်သူ ဇင်ယော်မကတော့ အလှပေါ် အလှဆင့်ပြီး အလှကြီးလှနေပေမဲ့ စုန်းမျိုးဆိုတဲ့အသိနဲ့ ဘယ်သူမှ မေတ္တာမရှိကြပါဘူး။ ဒါပေမဲ့ … တစ်နေ့မှာတော့ စောမုန်တိုင်းဆိုတဲ့ မုဆိုးလေးတစ်ယောက် ခြံအမှတ်ကိုး ရှိရာ နတ်မှော်ရွာကို ရောက်လာတဲ့နောက်မှာတော့ … ဘာတွေ ဆက်ဖြစ်ကြမလဲ ? တစ်ယောက်တည်း ညကြီးသန်းခေါင်မှာ ဒီစာအုပ်ကို ဖတ်ရင်တော့ ကြက်သီးမွေးညင်းတွေ တဖြန်းဖြန်းထ၊ နောက်ကျောမလုံတဲ့ အထိတ်တလန့် ခံစားမှုတွေနဲ့ အသက်ရှူဖို့တောင် မေ့နေမှာနော်။ ဖတ်ပြီးလို့ အိပ်သွားရင်တောင် ဒီဇာတ်လမ်းထဲက နာနာဘာဝတွေ၊ ချောက်ချားစရာ ပရလောကသားတွေကို စိတ်စွဲပြီး အိပ်မက်မက်မှာ သေချာတယ်။