အားလပ်ရက် အပြန်ခရီး

လျှို့ဝှက်လူ

200 Kyats ကျပ်
ရန်ကုန်မှာ အလုပ်လုပ်နေတဲ့ မင်းသက်တစ်ယောက် အားလပ်ရက် အလုပ်ပိတ်ရက်မှာ ဇာတိရွာကလေးဆီ ပြန်လာခဲ့တယ်။ လမ်းမှာ ကားဘီးပေါက်ပြီး ကြန့်ကြာသွားတာကြောင့် မိုးချုပ်မှပဲ ရောက်သွားခဲ့ပါတယ်။ ရောက်သွားတယ်ဆိုပေမဲ့ အနီးဆုံး မြို့ကို။ မြို့ကနေ ဆိုင်ကယ်ငှားပြီး ရွာကို ခရီးဆက်ရဦးမှာ။ ဆိုင်ကယ်တက္ကစီကို ငါးထောင်ပေးငှားခဲ့ပြီး တောလမ်းအတိုင်း ဆက်သွားခဲ့ကြရင်း လမ်းတစ်ဝက်မှာ ဆိုင်ကယ်ဘီးက ပေါက်ပါလေရော။ ဒါနဲ့ မင်းသက်လည်း ဆိုင်ကယ်ကို ပြန်လွှတ်ပြီး ကိုယ့်ဘာသာပဲ လမ်းလျှောက်ပြန်ခဲ့တော့တယ်။ သရက်ပင်တန်းတွေ ဆိုင်းအုံ့နေတဲ့ လမ်းအတိုင်း လျှောက်လာခဲ့တဲ့ မင်းသက်တစ်ယောက် ဘယ်လို ချောက်ချားစရာတွေနဲ့ ကြုံရမလဲ ဆိုတာကိုတော့ …