ဘီလူးကိုးကောင် ကိုဖိုးထောင်

လျှို့ဝှက်လူ

300 Kyats ကျပ်
သင်္ချိုင်းအတွင်းဘက်မှ ခပ်သြသြဖြစ်သော်လည်း အောင်မြင်သော အသံတစ်သံ ထွက်လာစဉ်မှာ ရယ်သံများ မီးကိုရေဖြင့်ငြိမ်းသတ်သည့်ပမာ ရပ်သွားကြတော့သည်။ ထိုစဉ်မှာပင် သင်္ချိုင်းအတွင်းမှ မီးရောင်ထွက်ပေါ် လင်းလာပြီး … `` ပွကြီးနဲ့ မြကြီး ဒီကိုလာခဲ့ကြပါ။ ဘာမှမကြောက်ပါနဲ့၊ ရဲရဲလာခဲ့ကြတော့…´´ သူတို့ အမည်များကိုခေါ်ပြီး လာခဲ့ရန်ပြောနေသဖြင့် ဆွဲငင်အားတစ်ခုရှိသည့်ပမာ ပွကြီးနှင့် မြကြီးတို့သည် မီးရောင်မြင်ရာဆီသို့ စိတ်ညှို့ခံရသူများပမာ ဖြေးဖြေးချင်း လျောက်သွားလိုက်ကြလေတော့သည်။ မီးရောင် သဘာဝမဟုတ် အချိန်ခါမဟုတ်ပါဘဲနှင့် သုသာန်သင်္ချိုင်းတစ်ခုအတွင်း မြင်သာထင်သာအထိ လင်းနေလျက်ရှိလေသည်။