အဆိပ်ဖြင့် နူးညံ့သိမ်မွေ့သော

လွန်းထားထား(ဆေးတက္ကသိုလ်)

800 Kyats ကျပ်
ထိုမြို့ကလေးတွင် ဘုံသည် အပျိုစင် ဘဝတစ်လျှောက်လုံးက မရခဲ့ဘူးသော ရင်ခုန်တပ်မက်ခြင်းများနှင့် စတင်မိတ်ဆက်ခြင်း ခံရသည်။ တစ်သက်လုံးက အချစ်ဆိုတာ ဘယ်လိုနေသလဲလို့ မတွေးခဲ့သမျှ မျက်လုံးများ အားလုံး စုံကန်းသွားအောင် ကမ္ဘာလောကကြီး တစ်ခုလုံး မှောင်အတိကျသွားအောင် စဉ်းစားဆင်ခြင်နိုင်စွမ်း အားများ၊ ဉာဏ်ပညာ အမြော်အမြင်များ အားလုံး ယိုယွင်းပျက်စီးသွားအောင်ပင် ထိတ်လန့်ပူနွေးစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အဖြစ်မှန်သမျှကို “ဒါ အချစ်ပါပဲ” ဟု ရိုးစင်းစွာပင် မှတ်ချက်ချခဲ့မိပါသည်။ အသေချာဆုံးကတော့ ဝဋ်ဆိုတဲ့ လှပသော မြားတစ်စင်း ဘုံ့နှလုံးအိမ်သို့ တည့်တည့်မတ်မတ် စူးနစ် ဝင်ရောက်ခဲ့တာ ဖြစ်လေသည်။