ကောက်ရ

လွင်ဦးဟန်

200 Kyats ကျပ်
အိပ်တန်းတက်ဖို့ အလုအယက် ပျံသန်းလာကြတဲ့ ကျီးကန်းတွေကို ငေးကြည့်ရင်း ကောက်ရ သဘောကျနေပါတယ်။ လူအတော်များများဟာ ကျီးကန်းတွေကို သဘောမကျပေမဲ့ ကောက်ရကတော့ ကျီးကန်းတွေကို ချစ်တဲ့ ကောင်လေးပါ။ ကျီးကန်းတွေဟာ အမျိုးကို ချစ်တယ်။ အစာကျွေးတဲ့သူကို မှတ်ထားတတ်သလို အန္တရာယ်ပြုတဲ့ သူကိုလည်း အတေးအမှတ် ကြီးကြတယ်။ အလစ်အငိုက်မပေးတတ်သလို အစာစားတဲ့အခါမှာလည်း သတိထားပြီး စားတတ်တဲ့ ငှက်တစ်မျိုး။ ကျီးကန်းတွေကို ကောက်ရ ချစ်မိတဲ့အထဲမှာ အမျိုးကို ချစ်တဲ့ သဘာဝက ထိပ်ဆုံးက ပါတယ်။ ဘာကြောင့် ကောက်ရဟာ ကျီးကန်းတွေကို ချစ်ရသလဲဆိုရင် ကျီးကန်းတွေရဲ့ အုပ်စုဖွဲ့နေထိုင်မှု၊ အမျိုးချစ်မှု၊ စည်းလုံးမှုတွေဟာ သူ့ဘဝအခြေအနေနဲ့ ကွားခြားလွန်းလို့ပါပဲ။ ကောက်ရဆိုတဲ့ ကောင်လေးရဲ့ ဘဝအဖြစ်အပျက်တွေကို စိတ်ဝင်စားစရာ ရေးဖွဲ့ထားတဲ့ ဆရာလွင်ဦးဟန်ရဲ့ ‘ကောက်ရ’ ဝတ္ထုလေးကို ခံစားကြည့်လိုက်ပါဦးခင်ဗျ။